NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ

ရန်ကုန်မြို့က မေလ ၁၂ ရက် ဆန္ဒပြမှု

အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ သြစတြေးလျ နိုင်ငံက အရာရှိတွေကြား ပြီးခဲ့တဲ့လအတွင်း တရားဝင် ထိတွေ့ဆက်သွယ်မှု ရှိခဲ့တယ်လို့ သြစတြေးလျ အစိုးရ ထိပ်ပိုင်းသံတမန်တစ်ဦးက အတည်ပြုပါတယ်။

ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာနဲ့ ဘာဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလဲဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း အခြေအနေ ပိုမိုဆိုးဝါးလာနေပေမယ့် တင်းကျပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်မှာ မဟုတ်ဘူးလို့တော့ သြစတြေးလျ အစိုးရက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အောက်ခြေမှာရှိတဲ့ လူတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေတာ အင်မတန် နည်းပါးတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အားမပေးတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဂျပန်နဲ့ ကိုရီးယားတို့နဲ့ အမြင်သဘောထား တူညီတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ဒုဝန်ကြီး လင်ဒါ ဝေ့ဒ်အီဆောင်း (Lynda Worthaisong) က ဆိုပါတယ်။

ဩစတြေးလျနိုင်ငံဟာ မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိ ငါးဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့တာ၊ ခရီးသွားလာခွင့် ကန့်သတ်တာတွေ ချမှတ်ထားပါတယ်။

ဒါပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ်ထားတဲ့ အရေးယူမှုတွေဖြစ်ပြီး အဲဒီစာရင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မပါပါဘူး။

လက်နက်တင်ပို့ရောင်းချမှုတွေကို သြစတြေးလျနိုင်ငံဘက်က ပိတ်ပင်ထားသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးတွဲလုပ်ဆောင်မှုတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကို သြစတြေးလျနိုင်ငံက ရှုတ်ချသလို ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲယ်ကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ  NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.