အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော


အမေရိကန် အစိုးရ အရာရှိတွေနဲ့ (NUG) အစိုးရတို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတဲ့ အကြောင်း ဗုဒ္ဂဟူးနေ့က ပြောပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ (NUG) အစိုးရရဲ့ တိုင်းရင်းသား ပြည်သူ အားလုံး ပါဝင်တဲ့ ညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာစေရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေကြသူ တွေကို ဆက်လက် အားပေး ထောက်ခံသွားမှာ ဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ရပ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေကပစ်ခတ် နှိမ်နင်းဖြိုခွဲ တာတွေ လုပ်ခဲ့ပြီး လူ ၃၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၃ လကျော်လာပြီ ဖြစ်ပြီး ဖိနှိပ် ဖြိုခွဲမှုတွေ ကြားကပဲ ပြည်သူတွေက ဆက်လက် အာခံ ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့အာဏာတည်စေဖို့ အတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဆန္ဒပြ ပြည်သူ အများအပြားကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံကြပါတယ်။ (NUG) အစိုးရဟာ မြန်မာပြည်သူလူထုက တရားဝင် ရွေးကောက်ထားတဲ့ တရားဝင် အစိုးရအဖြစ် ကြေညာထားသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းနဲ့ အထောက်အပံ့ အကူအညီတွေ ရရှိဖို့ ကြိုးစား နေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.