အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ

အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကြား သဘောတူညီချက်ရပြီလို့ NUG ဘက်က ဒီနေ့ မေလ ၂၉ ရက်မှာ ကြေညာလာပါတယ်။

တန်းတူရေးအခြေခံပြီး အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့အပြင် တခြားအရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေအတွက်လည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ကာကွယ်ရေးဝန်ကြီးတို့၊ ချင်းအမျိုးသားတပ်ဦး (CNF)ဘက်က ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌတွေနဲ့ အထွေထွေအတွင်းရေးမှူးတို့ ပါဝင်လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် သင်တန်းဆင်းပြီးနောက်တစ်နေ့မှာ အခုလိုသတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

CNF ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ NUG အစိုးရရဲ့ ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားသူဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.