ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား


ဇိုတုန်နယ်၊ ရေဇွာမြို့ (ရေဇဝါမြို့) ပေါ်ရှိ non-CDM ဝန်ထမ်းများ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါက လက်ငင်းချက်ခြင်း တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟုCDF ဇိုတုန်မှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ရေဇွာမြို့ပေါ်တွင် တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော non - CDM သမားများနှင့် အလုပ်သမားများသည် စစ်ကောင်စီအဖွဲ့နှင့်  အကျိုးတူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် အသိပေးစာများကို လိုက်နာမှုမရှိပါက အသက်နှင့်ညီမျှသော တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟုCDF ဇိုတုန်က ထုတ်ပြန်ကြေညာထားပါသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.