စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ်



Share/Bookmark
စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ် မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်။ Photo: Citizen Journalist

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို စစ်ကောင်စီဖွဲ့စည်းထားတဲ့ မကွေးမြို့ အထူးတရားရုံးက မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်၊ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

မကွေးမြို့က ဖမ်းဆီးခံထားရသူတွေထဲမှာ ပထမဦးဆုံး အမိန့်ချမှတ်ခံရတာလို့လည်း ဆိုပါတယ်။

ဦးနေမျိုးကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မကွေးမြို့ ဆန္ဒပြပွဲကအပြန် အရပ်ဝတ်လူတစုက ဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်း တရားစွဲထားပါတယ်။

မကွေးတိုင်းမှာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက မကွေးထောင်မှာ ဖမ်းဆီးထားပြီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံထားရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ်ဦး၊ ၅၀၅ (က)/ (ဂ) နဲ့ ၁၁ ဦး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ (၂၅) နဲ့ ခြောက်ဦး ဖမ်းဆီး တရားစွဲခံထားရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/detained-nld-members-under-military-coup-05282021145124.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ