ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေသူ ၃ ဦး ဖမ်းဆီး ခေါ်ဆောင်ခံရ




ဓာတ်ပုံ - အင်တာနက် စာမျက်နှာများ

ရန်ကုန်၊ မေ ၇၊ ၂၀၂၁

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေတဲ့ ပါတီဝင် ၃ ဦး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသူများမှာ ပါတီ ဗဟိုကော်မတီဝင် ၂ ဦးနဲ့ လူငယ် အဖွဲ့ဝင် ၁ ဦး ဖြစ်ပြီး ရွှေဂုံတိုင် ရုံးချုပ်ရှေ့မှာ အရပ်ဝတ် လက်နက်ကိုင်တွေက ဖမ်းဆီးကာ အိမ်စီးကားတွေနဲ့ ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သတင်းတွေမှာလည်း ဖော်ပြပါ တယ်။

တပ်မတော် အာဏာ လွှဲပြောင်းရယူ ပြီးချိန်ကတည်းက ရုံးချုပ်မှာ ပုံမှန် လာပြီးအလုပ်လုပ်နေတဲ့ ပါတီ ခေါင်းဆောင်ပိုင်း ၂ ဦးကို ပစ်မှတ်ထား ဖမ်းဆီးခြင်း ဖြစ်တယ်လို့ NLD ဘက်က ပြောဆိုကြောင်း ဘီဘီစီ သတင်းကလည်း ဆိုပါတယ်။

မတ်လ ၂၆ ရက် မနေက်စောစော ၄ နာရီ ဝန်းကျင် ကလည်း NLD ရုံးချုပ်ကို မီးကွင်း ပစ်မှု ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်ကလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ရုံးချုပ်အတွင်း ဝင်ရောက် ရှာဖွေမှုများ ဖြစ်ပွားခဲ့ပါသေးတယ်။

NLD အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) တို့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ (နစက) က တရားမဝင်ကြောင်းလည်း ကြေညာထား ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေသူ ၃ ဦး ဖမ်းဆီး ခေါ်ဆောင်ခံရ ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေသူ ၃ ဦး ဖမ်းဆီး ခေါ်ဆောင်ခံရ Reviewed by THITHTOOLWIN on 07:59 Rating: 5

No comments:

Powered by Blogger.