တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ

တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မြို့နယ် ပါတီလူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချော တို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ပါတီရဲ့ မြို့နယ်လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောတို့ဟာ မနေ့ညက ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

စစ်ကောင်စီရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲ့ (CID )က မနေ့ညက သူတို့ တည်းခိုနေတဲ့ အိမ်တွေကနေ လာရောက် ဖမ်းဆီးသွားတာလို့ ဒေါ်နီနီမေမြင့်ရဲ့အမျိုးသား ဦးလင်းနိုင်က RFA ကိုပြောပါတယ်။

ဒေါ်နီနီမေမြင့်ကို ဖမ်းဆီးစဉ် လေးနှစ်အရွယ် သမီးလေးကိုပါ ခေါ်ဆောင်သွားခဲ့ပြီး ည ၇ နာရီလောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် သူ့ရဲ့အစ်မဖြစ်သူထံကို လွှဲပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။

သူတို့နှစ်ဦးကို ဘာကြောင့်ဖမ်းဆီးသလဲ၊ ဘယ်ကို ခေါ်သွားသလဲဆိုတာကို စုံစမ်းနေပေမယ့် ဒီနေ့ နေ့လယ်ပိုင်း အထိ ဘာမှမသိရသေးဘူးလို့လည်း ဦးလင်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ မမိုးဆန်းစိုးကြည်နဲ့ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဒုဥက္ကဋ္ဌ ဦးစိုးလေးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မြို့နယ် ပါတီလူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၄ ရက်မှာ တောင်ကုတ်မြို့မှာ စည်းရုံးရေးဆင်းစဉ် ရက္ခိုင့်တပ်တော် (AA)ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အချိန် သုံးလနီးပါးအကြာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လွတ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဲဒီအထဲက ဦးမင်းအောင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ နှစ်ဦးဟာလည်း မနေ့က ထပ်မံ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/taung-gote-rakhine-nld-former-mp-05132021024731.html

တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ  တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.