လာမယ့်နှစ်အထိ အကျိုးအမြတ်ရဖို့ မရှိလို့ MPT မိတ်ဖက်ကုမ္ပဏီ ပြော

 ဒီကနေ့ ပြုလုပ်တဲ့ မန္တလေးမြို့က စစ်ကောင်စီ ဆန့်ကျင်တဲ့ စက်မှု စုပေါင်း သပိတ်

နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ သူတို့ရဲ့ ဆက်သွယ်ရေး ကဏ္ဍ စီးပွားရေး လုပ်ငန်းကနေ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးလို့ ဂျပန်ကုမ္ပဏီ Sumitomo Corporation က ပြောပါတယ်။

ဒီနှစ်ကနေ ၂၀၂၀ ခုနှစ် မတ်လအထိ ဝင်ငွေတွေကို ခန့်မှန်းတွက်ဆပြီး Sumitomo Corp ကုမ္ပဏီက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အခြေစိုက် KDDI CORP နဲ့ Sumitomo ကုမ္ပဏီတို့ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပြီး ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘဲ မြန်မာပြည်တွင်းမှာ စီးပွားရေး ဆက်လုပ်ကိုင်သွားမယ်လို့ Sumitomo ကုမ္ပဏီရဲ့ ဘဏ္ဍရေးမှူးချုပ် မာဆာယူ ရှီအိုမီ (Masaru Shiomi) က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

နောက်ထပ် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောကလည်း သူတို့ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ အရှုံးအမြတ်ထဲမှာ မြန်မာနိုင်ငံထဲက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အဆုံးထားဖယ်တွက်ခဲ့ပါတယ်။ဒါကြောင့် သူတို့ ကုမ္ပဏီကြီး တစ်ခုလုံးရဲ့ အခုနှစ် ပထမသုံးလပတ်အတွင်း အရှုံးပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့တို့လည်း မြန်မာနိုင်ငံထဲမှာ ဆက်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ နေ့စဥ် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ပေါ်ပေါက်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သား ၇၇၀ ကျော် သေဆုံးခဲ့တယ်လို့ ဒီအချက်အလက်တွေ စောင့်ကြည့်နေတဲ့ နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

လာမယ့်နှစ်အထိ အကျိုးအမြတ်ရဖို့ မရှိလို့ MPT မိတ်ဖက်ကုမ္ပဏီ ပြော  လာမယ့်နှစ်အထိ အကျိုးအမြတ်ရဖို့ မရှိလို့ MPT မိတ်ဖက်ကုမ္ပဏီ ပြော Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.