KNU ဥက္ကဋ္ဌရဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်မယ့်သဘောထားအပေါ် တုံ့ပြန်ချက်များ

တွေ့ဆုံဆွေးနွေးရေးနဲ့ NCA မူဘောင်တွေကိုလိုက်နာကျင့်သုံးဖို့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ထုတ်ပြန်ချက်အပေါ် သဘောထားကွဲလွဲမှုတွေရှိနေတာဖြစ်ပါတယ်။

KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲ အခြေအနေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတာသာ အကောင်းဆုံးဖြစ်လို့ နိုင်ငံရေးနည်းအရသာ ဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

မေလ ၁၀ ရက်နေ့ ရက်စွဲနဲ့လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ကြေညာချက်ဟာ သူတစ်ဦးတည်းရဲ့သဘောထား ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောပါတယ်။

KNU တပ်တွေက စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေလုပ်နေချိန်မှာ KNU ဥက္ကဋ္ဌရဲ့ဒီသဘောထားအပေါ် အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဒီအခြေအနေက ဒါကြောင့်မို့တဖွဲ့ကတိုက်တယ်။ တဖွဲ့ကပြန်ပြီးလေပြေထိုးတယ်။ နည်းနည်းမတင်မကျဖြစ်နေတယ်လို့သုံးသပ်ပါတယ်။

အခုဟာကမြန့်မာ့နိုင်ငံရေးအခြေနေကဘာဖြစ်လာမယ်ဆိုတာ တိတိကျကျသေချာပေါက်ခန့်မှန်းလို့မရနိုင်တဲ့အခြေအနေဆိုတော့ သူတို့ အဖွဲ့အစည်းအတွင်းမှာလည်း ဘယ်လမ်းကိုလျှောက်မလဲ ၊ ဘယ်လိုတွေရှေ့ဆက်သွားမယ်ဆိုတဲ့ဟာနဲ့ပတ်သတ်ပြီး တူညီတဲ့တစုတစည်းတည်း ဖြစ်တဲ့တူညီတဲ့အမြင်ချဖို့ခက်နေတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့တပ်မဟာ ၅ကလည်းတိုက်တယ်။ တပ်မတော်ကိုတိုက်တယ်။ တိုက်တဲ့ဟာက တပ်မဟာ ၅ရဲ့တာဝန်ဖြစ်တဲ့လို့ကေအန်ယူ ဗဟိုကကြေညာတယ်။ တခါ တပ်မတော်ဘက်ကလည်း NCA လမ်းကြောင်းအတိုင်းသွားမယ်လို့လက်ကမ်းထားတာရှိလို့ ဒီမူတူးစေးဖိုးအနေနဲ့လည်း ဒီလမ်းကြောင်းကိုစွန့်ခွာဖို့ခက်ခဲနေတဲ့အတွက် ဒီလိုကြေညာတယ်လို့မြင်တယ်။ ပြောချင်တာက အဓိက အဖွဲ့အစည်းအတွင်းမှာစုစည်းညီညွတ်တဲ့ အမြင်တစ်ခုမချမှတ်နိုင်ဘူး ။ အခြေနေတွေကလည်းတိတိကျကျ ခန့်မှန်းလို့ပြောဖို့ခက်နေပုံရပါယတ်။ ဒါကြောင့်မို သူတို့ရဲ့အဖွဲ့ရဲရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ရှေ့မှာဘယ်လိုဆက်လျှောက်မလဲ၊ လမ်းမှားသွားရင်လည်းပြင်ဖို့ခက်မှာလေ။ ဒီအခြေအနေက ဒါကြောင့်မို့တဖွဲ့ကတိုက်တယ်။ တဖွဲ့ကပြန်ပြီးလေပြေထိုးတယ်။ နည်းနည်းမတင်မကျဖြစ်နေတယ်လို့သုံးသပ်ပါတယ်။

ဦးသန်းစိုးနိုင်(တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)

မြန်မာပြည်ရဲ့နိုင်ငံရေးအခြေနေက နိုင်ငံရေးအရစေ့စပ်ဆွေးနွေးလို့ရမယ့် ဖြေရှင်းလို့ရမယ့် အခြေနေမဟုတ်တော့ပါဘူး။ လွန်သွားပါပြီလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီအချိန်အခါမှာ CDM လူပ်ရှားမူတွေလည်းရှိနေတယ်။ ပြည်သူတွေအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မူတွေကလည်း ၈၀၀ ကျော်သွားပြီ။ ဖမ်းဆီးခံရသူကလည်း ၃၀၀၀ ကျော်နေတဲ့အနေထားပေါ့။ အဲဒီလိုအနေထားမှာ တဖက်ကလူထုကကလည်းမခံမရပ်နိုင်တဲ့အတွက် အခုချိန်မှာ ခုခံကာကွယ်ရေးတွေ လူထုကလုပ်နေတယ်။ အဲဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရဲ့ပါဝင်မူကိုလူထုကသိပ်မျှော်လင့်နေတာ။ အဲ့လိုမျှော်လင့်နေတဲ့အနေထားအောက်မှာ ဦးမူတူးစေးဖိုးက ဒီလိုကြေညာချက်ထုတ်လိုက်တာဟာ လူထု လူပ်ရှားမူနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအပေါ်မှာအားကိုးမျှော်လင့်နေတဲ့ စိတ်ဆန္ဒတွေ အတော်လျော့ပါးထိခိုက်သွားတဲ့ကိစ္စဖြစ်တဲ့အတွက် ဦးမူတူးစေးဖိုးက မလုပ်သင့်တဲ့ကိစ္စကိုမလုပ်သင့်တဲ့အချိန်မှာလုပ်လိုက်တာပဲလို့ကျွန်တော်ကတော့ယူဆတယ်။ နောက်တစ်ခုက သူကလည်းဥက္ကဋ္ဌ ရာထူးကမကြာခင်မှာပဲနုတ်ထွက်တော့မယ့်အနေထားပေါ့။

သူတို့အဖွဲ့အစည်းကလည်း ကျွန်တော်တို့အခုဆိုရင် DKBA တို့ BGF တို့က စစ်ကောင်စီနဲ့သွားရောက်ဆွေးနွေးနေတဲ့အခါ တစ်ကမ္ဘာ လုံးက ဝိုင်းဝန်းဆန့်ကျင်နေတဲ့ ဒီအဖွဲ့အစည်းကို ဆွေးနွေးဖို့ပြောတယ်ဆိုတာတော်တော် မှားယွင်းတဲ့နိုင်ငံရေးခြေလှမ်းပဲလို့ကျွန်တော်ကတော့ထင်ပါတယ်။

သူ့အနေနဲ့အသက်လည်းကြီးပါပြီ။ နုတ်လည်းနုတ်ထွက်ခါနီးနေပါပြီ။ ဒီအချိန်မျိုးမှာ သူ့ရဲ့နောက်ဆုံး နိုင်ငံရေးရပ်တည်မူနဲ့ပတ်သတ်ပြီး ဒီလိုအားနည်းချက်တွေပေါ်လာတာတော့ သူရဲ့ပုဂ္ဂိုလ်ရေးဘဝအတွက်ပုဂ္ဂိုလ်ရေးဖြတ်သန်းမူအတွက် အတော်ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပဲ ။

ဒါပေမဲ့ ဒီနေ့ကာလမှာ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ပြည်သူ လူထုအတွက် လှုပ်ရှားမူတွေပေါင်းစပ်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အဲ့ဒီလိုသွေးကွဲရေးခြေလှမ်းတွေ ၊ သွေးခွဲရေးခြေလှမ်းတွေသူပြန်ရုပ်သိမ်းနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်လို့သူမရုပ်သိမ်းလည်း ကေအန်ယူဗဟိုကော်မတီအနေနဲ့ တရားဝင်ထုတ်ပြန်ရှင်းလင်းချက်တစ်ခုပေါ်ပေါက်လာဖို့ကျွန်တော်ဆုတောင်းပါတယ်။

သူကတလျှောက်လုံး KNU ခေါင်းဆောင်အနေနဲ့ရော ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော်တို့ ကေအန်ယူ တပ်မဟာ ၅နဲ့စစ်ကောင်စီတပ်တွေကြားမှာ အတော်လေးပြင်းထန်တဲ့တိုက်ပွဲတွေပေါ်ပေါက်လာပြီးတော့ ဒီအပေါ်မှာ လူထုကြားထဲ လေကြောင်းတိုက်ခိုက်မူကြောင့် ၁၀ယောက်ထပ်မနည်းသေဆုံးသွားတယ်။ လူလေးငါးထောင်လောက် ထိုင်းထဲထွက်ပြေးရတယ်။

အဲ့ဒီလိုအခြေအနေနဲ့ပတ်သက်လို့ သူ့အသက်ရွယ်နဲ့ သူ့မျှော်လင့်ချက်အရပြောရရင် ဒါက အတော်မကောင်းတဲ့အနေထားလို့သူကယူဆပုံရပါတယ်။ ဒါကြောင့်မို့ အဲ့ဒါတွေကိုတားဆီးနိုင်ဖို့အတွက်စစ်ကောင်စီအနေနဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဖို့ယုံကြည်မျှော်လင့်ပုံရပါတယ်။ ဒါပေမဲ့ အဲ့ဒီမျှော်လင့်ချက်ဟာ တကယ်တော့ လက်ရှိမြန်မာပြည်ရဲ့နိုင်ငံရေးအခြေ အနေနဲ့ အတော်လေးမကိုက်ညီတဲ့ မှားယွင်းတဲ့ကမ်းလှမ်းချက် လို့ကျွန်တော်မြင်ပါတယ် ။

KNU ဥက္ကဋ္ဌရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ KNU ရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်ရှိမလားလို့ မျှော်လင့်နေကြတာလည်းရှိနေပါတယ်။

ဒီနေ့ ကာလမြို့ပေါ်လှုပ်ရှားမှုတွေကနေ KNU ဒေသကိုသွားရောက်ပြီးတော့ စစ်သင်တန်းတွေတက်နေ တိုက်ပွဲဝင်ဖို့အတွက်ပြင်ဆင်လေ့ကျင့် နေကြတဲ့အောက်မှာ ဒီလိုဥက္ကဋ္ဌရဲ့ကြေညာချက်ထွက်လာတဲ့ဟာသွားရောက်လူပ်ရှားမယ့်ခြေလှမ်းတွေတော့ တုံ့သွားစေတာပေါ့ဗျာ ။

နိုင်ငံရေးအရစေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ကိစ္စကတော့ တရုတ်ကလည်းပြောတယ်။ အာဆီယံကလည်းပြောတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့နိုင်ငံရေးအခြေနေက နိုင်ငံရေးအရစေ့စပ်ဆွေးနွေးလို့ရမယ့် ဖြေရှင်းလို့ရမယ့် အခြေနေမဟုတ်တော့ပါဘူး။ လွန်သွားပါပြီ။ တဖက်နဲ့ တဖက်နိုင်ငံရေးအင်အားစုတွေနဲ့စစ်ကောင်စီကြားမှာ အခုကသူသေကိုယ်ရှင်တိုက်ပွဲဝင်နေတဲ့အခြေနေဖြစ်ပါတယ်။

အဲ့ဒီအောက်မှာ ဒေသတစ်ခုတည်းကွက်ပြီးတော့ အခြေနေလေးတစ်ခုတည်းကွက်ပြီးတော့ ကြိုးစားတယ် ဆိုတဲ့အနေထားက ဘာမှ မထိရောက် တဲ့အနေထားပါ။ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်ထိုင်ဖို့ဆိုတာ နစ်ဖက်လုံးကသဘောထားမရှိပါဘူး။ စစ်ကောင်စီကော သဘောထားမရှိဘူး။ အခု NUG အစိုးရအနေနဲ့လည်း ဒီသဘောထားမရှိပါဘူး။ ကြားလူတွေ့ဖြစ်စေချင်တာကိုပြောတာပါ။ တကယ်တမ်းကျတော့ လုံးဝဖြစ်ထွန်းလာစရာမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

KNU နယ်မြေမှာစစ်သင်တန်းတက်ပြီးပြန်လာတဲ့လူငယ်တစ်ဦး

ကျွန်တော့်အနေနဲ့စိုးရိမ်စိတ်ထူးထူးထွေထွေမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူထုတ်တဲ့စာသည် သူ့ရဲ့ပါဆင်နယ်ထင်မြင်ချက်ကိုပြောတာဖြစ်ပါတယ်။ နိုင်ငံရေးအရဖြေရှင်းတယ်ဆိုတာတော့ နိုင်ငံရေးသမားတွေ တွေးမြင်နေကျအမြင်ဖြစ်ပါတယ် ။ကျွန်တော်တို့ကိုယ်တိုင်တော့ နိုင်ငံရေးတွေဘာတွေသိပ်ပြီးနားမလည်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ မတရားတာကိုတော်လှန်မယ်ဆိုတဲ့အသိတော့ရှိပါတယ် ။

လတ်တလောနိုင်ငံရေးအခြေနေအရဆိုရင် (ဒီတွေ့ဆုံညှိနှိုင်းရေးဆိုတာ) လုံးဝမဖြစ်နိုင်ပါဘူး ။ ကျွန်တော်တို့ဖြေရှင်းဖို့ကြိုးစားခဲ့တာနှစ်ပေါင်း ၆၀ပါ။ အတွေ့အကြုံရပြောနိုင်ပါတယ်။ ကျွန်တော်တို့ပြောလာခဲ့တာ နှစ်ပေါင်း ၆၀။ အခုနွေဦးတော်လှန်ရေးရောက်တဲ့အထိကိုငြိမ်းချမ်းစွာဆန္ဒပြဖို့ ငြိမ်းချမ်းစွာတောင်းဆိုဖို့

တော်လှန်ဖို့ကြိုးစားခဲ့တာအခုချိန်မှာတော့ ကျွန်တော်တို့ငြိမ်းချမ်းစွာတော်လှန်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး ။

ကမ္ဘာကြီးတစ်ခုလုံးကဖျားနာနေပါတယ်။ ကိုဗစ်ရောဂါဆိုတဲ့အိမ်မက်ဆိုးကိုရုန်းကန်နေရတယ်။

အဲ့ဒီအထဲမှာ ကျွန်တော်တို့ကကံဆိုးစွာနဲ့ ကျွန်တော်တို့ နိုင်ငံက စစ်အာဏာရှင်ရဲ့နောက်ထပ်ဆိုးရွားစွာအာဏာသိမ်းမှုကို ဒီမိုကရေစီနိုင်ငံကြီးကနေ အာဏာသိမ်းမှုဆီကျရောက်သွားတဲ့အနေထားမှာ

ကျွန်တော်တို့ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ရပိုင်ခွင့်တွေ ကျွန်တော်တို့တရားသောစစ်ကိုပြန်တိုက်ကြမှာပါခင်ဗျ။ တိုင်းရင်းသားတွေအားလုံးလိုလားတောင့်တနေတဲ့

ဖက်ဒရယ်ဒီမိုကရေစီပြည်ည်ထောင်စုကြီးကို ကျွန်တော်တို့ဗမာတိုင်းရင်းသားတွေ အကုန်လုံးလည်း နိုးထကြပါ။ စစ်အာဏာရှင်ကိုတော်လှန်ကြပါလို့ပြောချင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57072608

KNU ဥက္ကဋ္ဌရဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်မယ့်သဘောထားအပေါ် တုံ့ပြန်ချက်များ  KNU ဥက္ကဋ္ဌရဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်မယ့်သဘောထားအပေါ် တုံ့ပြန်ချက်များ Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.