ပူတာအိုမြို့နယ် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို KIA သွားရောက်ပစ်ခတ်



Share/Bookmark

May 5, 2021/ Kachin News Group

ပူတာအိုမြို့နယ် ဖုန်ကျန်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၄ရက်နေ့ ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖုန်ကျန်းကျေးရွာအဝင် အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့ က ည ၁၀ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်အကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖုန်ကျန်းဒေသခံတစ်ဦးထံမှ သိရသည်။

"မနေ့ နေ့လည်က ဒေသခံ သွားလာနေတဲ့သူတွေကို စစ်သားတွေက စစ်ဆေးတာပြုလုပ်တယ်။ ညတော့ KIA ကလာပြီး တပ်စခန်းကို ခနလာပစ်သွားတယ်လို့သိရတယ်"ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က ဒေသများခံကို အကြောင်းပြချက်မရှိ စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် KIA သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မေလ ၅ရက်နေ့ကလည်း ပူတာအိုမှ မြစ်ကြီးနားသို့ ဆင်းလာသည့် ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ