မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ



Share/Bookmark

May 15, 2021

မြစ်ကြီးနား ကမ္ဘောဇဘဏ် (၁) ရှေ့  ဗုံးပေါက်ကွဲမှုဖြစ်စဥ်အပြီး ဗီဒီယိုရိုက်ကူးခဲ့သည့်အကြောင်းအရာနှင့် ဆက်စပ်ပြီး လူငယ် ၂ဦးကို အကြမ်းဖက်စစ်ကောင်ဆီက ဖမ်းဆီးထားကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် မေလ ၁၄ ရက် နံနက် ၆ နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၈နာရီခွဲတွင် အဆိုပါလူငယ် ၂ ဦး ဖမ်းဆီးခံလိုက်ရသည်။

"သူတို့ ၂ယောက်က ဘဏ်ရှေ့က တိုက်ခန်းမှာ ဌားနေတာဟုတ်တယ်။ အဲ့မှာ ရှေ့မှာတင် ပေါက်ကွဲမှုဖြစ်ခဲ့တော့ တစ်ယောက်က ဗီဒီယိုရိုက်ပြီးသူ့ရဲ့ Facebook အကောင့်မှာတင်လိုက်တာမှန်တယ်။ အခုသူတို့ ၂ယောက်ကို ဗုံးပေါက်ကွဲမှုမှာ ကြံရာပါဆိုပြီး စွပ်စွဲနေတယ်။ ဗုံးပေါက်ကွဲတာက သူတို့နဲ့ လုံးဝမဆိုင်ဘူး" ဟု ပြောဆိုသည်။

သူတို့ ၂ ဦးသည် သာမန်လူငယ်များသာဖြစ်ပြီး စစ်ကောင်စီဘက်ကစွပ်စွဲသည့်အတိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။

အသက် ၂၆ နှစ်အရွယ်ခန့်ရှိကြသော ကို ထွန်းထွန်းနိုင်ကို ကမ္ဘောဇဘဏ်(၁)ရှေ့ တိုက်ခန်းတွင်ဖမ်းဆီးခဲ့ပြီး၊ ဆွတ်ရိန်နောနော်ကို စီတာပူရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် လိုက်လံ ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ် ၂ဦးကို မြစ်ကြီးနားအမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုနှင့်တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

ဆွတ်ရိန်နောနော်၏ FB လူမှုကွန်ရက်ပေါ်တွင် တင်ထားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး ရိုက်ထားသော ဗီဒီယိုကို သတင်းမီဒီယာများတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ