ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး



Share/Bookmark

ယနေ့ညနေ  ၃နာရီ ဝန်းကျင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခံရပြီးနောက် လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ခုသေတဲ့ ၄ယောက်က ပြည်သူစစ်လား ဒေသခံ‌လားဆိုတာ  တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ ဘယ်သူ့မှထွက်လို့မရ‌တဲ့အခြေနေဖြစ်နေတော့ သေတာဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး ၄ယောက်သေတာတော့ မှန်တယ်။"ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏ နေအိမ်အား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ကားဖြင့်ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်သည်။

"သေတာက ၄ယောက် ‌ပြီးတော့ လောပန်းတစ်ယောက်က အဲမှာလာနေတာထင်တယ် လောပန်းတစ်‌ေယာက်တဲ့သူက ဒဏ်ရာရတယ်လို့ကြားရတယ်။"ဆိုပြီး ပြောသည်။

ပြည်သူ့စစ်နေအိမ်သေနတ်ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်မှရွာတွင်းရှိ ဈေးများ၊လမ်းမများပေါတွင် ပစ်ခတ်မူများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန် ရှဒူးဇွပ်ရွာအတွင်း လမ်းများအားလုံးပိတ်ထားကာ မည်သူတစ်ဦးတစ်ယောက်္မှ အပြင်ထွက်ခွင့်မရှိ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ