ပြည် DVB သတင်းထောက် ကိုမင်းညိုအား ထောင်ဒဏ် ၃ နှစ်ချမှတ်


ပြည် မေ ၁၂ ။

ပြည်မြို့မှာနေထိုင်တဲ့ DVB သတင်းဌာနက သတင်းထောက်ကိုမင်းညိုကို ပုဒ်မ ၅၀၅/က နဲ့ ပြည်ထောင်တွင်း တရားစီရင်ရေးမှာဘဲ ဒီကနေ့ ညနေပိုင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

သတင်းထောက်ကိုမင်းညိုက စစ်ကောင်စီက DVB သတင်းဌာနအပါအဝင် သတင်းဌာန ၅ ခု ပိတ်သိမ်းမခံရခင် မတ်လ ၃ ရက်နေ့က ပြည်မြို့ ရွှေဆံတော်ဘုရား မြောက်ဆောင်းတန်းမှာပြုလုပ်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ သွားရောက်သတင်းယူစဉ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ်က ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ ရိုက်နှက်ခံခဲ့ရပြီး၊ ပြည်မြို့ ဒကစမှာ ၃ ရက်ခန့်ဖမ်းဆီးထိမ်းသိမ်းထားကာ၊ ထောင်တွင်းတရားစီရင်ရေးအနေနဲ့ ၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာဘဲ အခုလို ထောင်ဒဏ် ၃ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပြည် DVB သတင်းထောက် ကိုမင်းညိုအား ထောင်ဒဏ် ၃ နှစ်ချမှတ် ပြည် DVB သတင်းထောက် ကိုမင်းညိုအား ထောင်ဒဏ် ၃ နှစ်ချမှတ် Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.