ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ CDM ပါဝင်နေတဲ့ ရဲ ၃ ဦးနှင့် အရပ်သား တစ်ဦးသေဆုံး



Share/Bookmark
ပုံစာ - လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်

ပြည် မေ ၃ ။

ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုအနီး၊ ကမ္ဘီလာရွာမှာ ဒီကနေ့ ညနေ ၅ နာရီခန့်က ပါဆယ်ဗူးဖေါက်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦး သေဆုံံးခဲ့ကြောင်း ပြည်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကမ္ဘီလာကျေးရွာတွင် ခေတ္တပုန်းရှောင်နေထိုင်သည့် ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင် CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ခြံပိုင်ရှင် ၁ ဦးတို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ CDM ပြုလုပ်နေသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ အပြင်အထန် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်ခရိုင် ပြည်သူ့ဆေးရုံအရောက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ယခုအခါဆေးရုံတွင် ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ လက်နှစ်ဖက်ပြတ်ထားပြီး စိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံမှသိရသည်။

အဆိုပါသေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ခြံပိုင်ရှင် အမျိုးသားတို့၏ ရုပ်အလောင်းများကို ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီး၏ ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212/



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ