အကြမ်းဖက်သမားတွေက CDM ဆရာမရဲ့ အိမ်ဝင်မွှေကာ ပိုက်ဆံ ၂၂ သိန်းကျော်ခိုးယူ


ကလေးမြို့အနီး သာစည်ကျေးရွာက CDM ဆရာမတစ်ဦးရဲနေအိမ်ကို ဒီနေ့(မေ ၃၁)ရက်တွင်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီးပိုက်ဆံ(၂၂)သိန်းကျော်ခိုးယူသွားခံရတယ်လို့သိရတယ်။

ဒီပိုက်ဆံဟာ ညီမ​ဖြစ်သူက အိမ်မှာခဏသိမ်းထိန်းထားခိုင်းတာကြောင့် ထိန်းသိမ်းထားတာဖြစ်တယ်လို့ဆရာမက ငိုရင်းပြောဆိုပါတယ်။

ဆရာမလည်း အိမ်မှာမနေရဲဘဲ အခုထွက်ပြေးတိမ်းရှောင်နေရတယ်။

သာစည်ရွာမှာ ဒီမနက်ကနေ ခုချိန်ထိ အကြမ်းဖက်သမားတွေနဲ့ ပြည်သူ့တပ်ဖွဲ့တွေ ပစ်ခတ်နေကြပါတယ်။


Zalen 

https://www.facebook.com/zalen.info/

အကြမ်းဖက်သမားတွေက CDM ဆရာမရဲ့ အိမ်ဝင်မွှေကာ ပိုက်ဆံ ၂၂ သိန်းကျော်ခိုးယူ အကြမ်းဖက်သမားတွေက CDM ဆရာမရဲ့ အိမ်ဝင်မွှေကာ ပိုက်ဆံ ၂၂ သိန်းကျော်ခိုးယူ Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.