CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး


မြန်မာစစ်ကောင်စီအစိုးရဟာ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိ ၂ ဦးကို အာဏာသိမ်းမှု ကန့်ကွက် သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့အတွက် ရာထူးက ဖယ်ရှားလိုက်တယ်လို့ သံတမန် သတင်းရပ်ကွက်တွေကို ကိုးကားပြီး kyodo news. Net မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ ၂ ဦးရဲ့ သံတမန် အဆင့်အတန်းနဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ပြီး သံရုံးကို လာရောက်ခွင့်လည်း လုံးဝ ပိတ်ပင်လိုက်ပါပြီလို့ ဆိုထားပါတယ်။

ရာထူးဖြုတ်ခံထားရသူ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ အမည်မဖော်ထားတဲ့ ဒုတိယအတွင်းဝန် တဦးတို့နေရာမှာ အစားထိုးမယ့်သူ ၂ ဦးအတွက် သံတမန် ပြည်ဝင်ခွင့်လက်မှတ်ကို စစ်ကောင်စီဘက်က လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့ ဝန်ကြီးချုပ် Yoshihide Suga ရဲ့ ဂျပန်အစိုးရ အနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုယ်တွယ်လာမလဲဆိုတာ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

ဦးအောင်စိုးမိုးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုလွှာကလည်း ဇူလိုင်လ ၁၅ ရက်နေ့ကျရင် ကုန်ဆုံးတော့မှာပါ။ သို့ပေမယ့် ဂျပန်အစိုးရအနေနဲ့ သူတို့ ၂ ဦးကို သံတမန်ပြည်ဝင်ခွင့်နဲ့ အသိအမှတ်ပြုလွှာ ဆက်လက်ထုတ်ပေးဖို့ လျှောက်ထားတယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/cdm-japan-myanmar-2-dilomat-/5897514.html

CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.