CDM ကြောင့်ရှောင်တိမ်းစဉ် တမူးပြည်သူ့ဆေးရုံ သူနာပြုဆရာမကြီးကွယ်လွန်


တမူးပြည်သူ့​ဆေးရုံ သူနာပြုဆရာမကြီး ဆရာမမှုံဟွိုင်လျင်(၅၂ နှစ်)ဟာ CDM ဝင်တာကြောင့် နယ်စပ် India နိင်ငံဘက်မှာရှောင်တိမ်းစဉ် 

 ​​​နေထိုင် စား​သောက် ခက်ခဲလို့ သွေးတိုး ဆီးချို ရရောဂါပိုခံစားရာကြောင့် မေလ ၁၇ ရက်ကကွယ်လွန်သွားပါတယ်။

၎င်းဟာ ရောဂါပိုဆိုးလာလို့ တမူးက​နေ  ကလေးမြို့ဆေးရုံသို့ပို့ဆောင်ကာ အ​ခြေအ​နေနေဆိုးလို့ မန်း​လေးကိုဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ မန်း​လေး အသွား လမ်းမှာ မေ ၁၇ ရက်က ကွယ်လွန်သွားပါတယ်တယ်။ 

အလောင်းကို မေလ ၁၈ ရက်ညနေပိုင်းတွင် တမူးမြို့မှာ သဂြိုလ်ပါတယ်။ ၎င်းတွင် သမီးလေး တစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။ 

အသင်းတော် ပါစတာ တစ်ပါးက "အသင်းတော်မှာဆိုရင် သူ့ကိုပဲ အားကိုးရတာ"လို့ပြောပါတယ်။

ဆရာမမှုံဟွိုင်လျင်ဟာ ဖလမ်းမြို့ NTS(သူနာပြုသင်တန်းကျောင်း) ကနေ ကျောင်းပြီးဆုံးခဲ့သူလည်းဖြစ်တယ်။


Zalen 

https://www.facebook.com/zalen.info/

CDM ကြောင့်ရှောင်တိမ်းစဉ် တမူးပြည်သူ့ဆေးရုံ သူနာပြုဆရာမကြီးကွယ်လွန် CDM ကြောင့်ရှောင်တိမ်းစဉ် တမူးပြည်သူ့ဆေးရုံ သူနာပြုဆရာမကြီးကွယ်လွန် Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.