ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း

ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း ကျောင်းမတက်ဖို့ ဒိုက်ဦးမြို့က GZ တွေ ၂၀၂၁ မေလ ၁၂ ရက်နေ့က ဆန္ဒပြစဉ် / Photo CJ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးမြို့မှာ မေလ ၁၆ ရက် မနေ့ည ၇ နာရီလောက်က အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ကျောင်းဆရာဆရာမ ၁၆ ဦးကို စစ်တပ်က သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက် ၁၄ ယောက်ကို အဓမ္မ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝန်ခံကတိ လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ဆရာမ နှစ်ဦးကိုတော့ အခုချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲလို့ မိသားစုနဲ့နီးစပ်တဲ့ ဒိုက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

ဖြစ်ပုံကတော့ မနေ့က ၇ နာရီကျော်အချိန်လောက်က ဒိုက်ဦးမြို့နယ် ပညာရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက်၊ ဗုံးကွဲပြီး နာရီပိုင်းအကြာမှာပဲ နယ်မြေခံရဲနဲ့ စစ်တပ်ပေါင်းပြီး မြို့ပေါ်မှာ CDM လုပ်နေတဲ့ ကျောင်း ဆရာဆရာမတွေကို စာရင်းအတိအကျနဲ့တကွ နေအိမ်တွေကနေ လိုက်လံဖမ်းဆီးခဲ့တာလို့ အခြားမြို့ခံ တစ်ဦးက ပြောပါတယ်။

ကန်ဦးရပ်ကွက် ကောင်းကောင်း လ္ဘက်ရည်ဆိုင်က ကျောင်းဆရာမတစ်ဦး အပါအဝင် စုစုပေါင်း ဆရာ ဆရာမ ၁၆ ဦးကို ဖမ်းဆီးသွားပြီးတဲ့နောက်၊ CDM ကနေထွက်ပြီး ကျောင်းပြန်တက်မယ့်အကြောင်း ဝန်ခံကတိ လက်မှတ်ထိုးပေးတဲ့ ဆရာဆရာမ ၁၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်၊ နှစ်ဦးကို ဆက်လက် ဖမ်းဆီးထား တယ်လို့ အခင်းဖြစ်ရာအနီးမှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီလို လိုက်လံဖမ်းဆီးရာမှာ ရဲနဲ့စစ်တပ်က မြို့တွင်းတလျောက် သေနတ်ပစ်ဖောက်ခဲ့တယ်၊ CDM လုပ်တဲ့ ဆရာဆရာမတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်လိုတာဖြစ်မယ်လို့လည်း အဆိုပါ ဒိုက်ဦးမြို့ခံက RFA ကို ပြောပြသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-arrested-daikoo-cdm-teachers-05172021074030.html

ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း  ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.