ယမန်​နေ့ည​ ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်​ကောင်စီဘက်မှ ၆ ဦး​သေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန်

ယမန်​နေ့ည​ ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်​ကောင်စီဘက်မှ ၆ ဦး​သေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန်
ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားတွင် CDF-Hakha နှင့်  စစ်ကောင်စီတပ်ဖွဲ့များ ၁၆ မေလ ၂၀၂၁ ညနေပိုင်း ၅:၃၀ နာရီမှ ၈ နာရီကြား ပစ်​ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ယောက် ပွဲချင်းသေဆုံး၊ ၁၀ ယောက်ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်သူတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်)များဖြင့် ပစ်ခေတ်​​သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရကြောင်း Chinland Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။


"သူတို့ဘက်က RPG၊၆၀မမ၊တို့ကိုသုံးပြီးတိုက်တယ်၊လက်နက်အကြီးစားတွေပဲသုံးတယ်၊ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊သူတို့ဘက်လည်း အကျဆုံးတော့ရှိပါတယ်"လို့ CDF ဟားခါးမှ Chin World Media ထံပြောသည်။

မနေ့ညတိုက်ပွဲမှာ CDF ဘက်က Salai Van Biak Ling ကျဆုံးခဲ့ကြောင်းလည်း CDF က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ဟားခါးမြို့နဲ့၉ မိုင်ခန့်ဝေးတဲ့ ချွန်ကျုံးကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

"ချွန်ကျုံးနဲ့ရမ်ထလိုကြားမှာ အသံကြားရတယ်၊ဗုံးလေးချက်သံရယ်၊သေနတ်သံအကျယ်ကြီးတွေကြားရတယ်၊ကားသုံးစီးဟားခါးဘက်ကနေလာတာတော့တွေ့တယ်၊၂စီးက ပြန်လှည့်သွားတယ် ကျန်တစ်စီးနဲ့ဖြစ်တယ်လို့ထင်တယ်၊"ဟု ကျေးရွာဒေသခံ တစ်ဦးမှပြောသည်။

ချွန်ကျုံးကျေးရွာနားရှိလမ်းလုပ်သား ၁ ဦး ကိုလည်းစစ်ကောင်စီတပ်ဖွဲ့မှဖမ်းခေါ်သွားကြောင်းကျေးရွာဒေသခံများကဆိုသည်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်သားများနှင့်CDFဟားခါးအဖွဲ့အကြား ကွက်ကြားတိုက်ပွဲများ ၇ကြိမ်ခန့်ရှိပြီဖြစ်ပြီး ဟားခါးမြို့တွင်းမှာလည်း ဗုံးပေါက်ကွဲတာ ၄ကြိမ်ခန့်ရှိခဲ့ပြီဖြစ်သည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ယမန်​နေ့ည​ ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်​ကောင်စီဘက်မှ ၆ ဦး​သေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန် ယမန်​နေ့ည​ ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်​ကောင်စီဘက်မှ ၆ ဦး​သေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန် Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.