ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ စစ်ကောင်စီကို ချင်းလူမျိုးတွေ ပြန်လည်ခုခံတိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတဲ့ တူမီးသေနတ်။ Photo: Kanpetlet Time News

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် CDF တွေ မေ ၂၈ ရက် မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က မင်းတပ်မြို့ကနေ ကန်ပက်လက်မြို့ထဲကို ဝင်လာတာကြောင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့အစပ် မကြား ကျေးရွာအနားမှာ ဒေသကာကွယ်ရေးတပ် CDF တွေက အဝင်မခံဘဲ ပြန်ခုခံ နေတာ ဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက ယာတဲထဲမှာ ပုန်းနေတဲ့ ဒေသခံ ရွာသားနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားစာခံအနေနဲ့ထားပြီး ဝင်ရောက်တိုက်ခိုက်လာတယ်လို့ ကန်ပက်လက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အခုညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အားထပ်ဖြည့်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် မကွေးတိုင်း ကျောက်ထုဘက်ကနေလည်း နောက်ထပ် စစ်အင်အားထပ်ဖြည့်နိုင်တဲ့အတွက် ပြည်သူ့ ကာကွယ်ရေးတပ်တွေအတွက် အကူအညီလိုနေတယ်လို့လည်း PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

နှစ်ရက်ကြာတဲ့ ကန်ပက်လက်မြို့အဝင် တိုက်ပွဲမှာ နှစ်ဘက်အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားရာ အနီးနားရွာတွေထဲမှာရှိတဲ့ ပြည်သူတွေကလည်း ထွက်ပြေးပုန်းရှောင်နေကြရပြီလို့ ပြောပါတယ်။ နောက်ဆက်တွဲဖြစ်စဉ်တွေကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-and-pdf-attack-in-kanpetlet-05292021062707.html

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ  ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.