ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF Hakha မှ သတင်းထုတ်ပြန်


စစ်ကောင်စီတပ်များ ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း Chinland Defense Force (CDF) Hakha မှ သတင်းထုတ်ပြန်ထားသည်။

CDF Hakha တပ်များနှင့် စစ်ကောင်စီတပ်များ ၂၀၂၁ခုနှစ်၊ မေလ ၁၈ နှင့် ၁၉ ရက်၊ ၂ရက်တာ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာ ရှိသူပေါင်း ၁၉ ယောက်ခန့်ရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၇ ယောက်ခန့် ရှိပြီ ဖြစ်ကြောင်းနှင့် CDF Hakha အဖွဲ့သားများ၏ ဆိုင်ကယ်အစီး ၃၀ ကျော် ဖျက်စီးမီးရှို့ခံရကြောင်းလည်း CDF လူမှုကွန်ယက် စာမျက်နှာ‌ပေါ်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံပိုင် မြဝတီသတင်းတွင် ဟားခါးတွင် ဖြစ်ပွားသည့်တိုက်ပွဲများနဲ့ ပတ်သတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူမရှိကြောင်း  လွန်ခဲ့သောရက်များက ထုတ်ပြန်ထားသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF Hakha မှ သတင်းထုတ်ပြန် ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF Hakha မှ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.