ချောင်းဦးက အဖမ်းခံရသူ ကိုဝေယံ သေဆုံးကြောင်း သတင်းထွက်၊ မိသားစု စိတ်ပူနေ


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မဲသယ်ကြိုးကွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က လူငယ်တွေစုဝေးနေတဲ့ နေရာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ် နှစ်ယောက်ထဲက ဝေယံဆိုသူ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မိသားစုနဲ့ ဆက်သွယ်မရဖြစ်နေတယ်လို့ ချောင်းဦးမြို့က လူငယ်အဖွဲ့တွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုဝေယံနဲ့ ကိုတိုးတိုး ဖြစ်ပါတယ်။

ဝေယံ သေသွားတယ်ကြားရပြီး နည်းမျိုးစုံနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် ကြိုးစားလို့မရဖြစ်နေတယ်လို့ ဖမ်းဆီခံလိုက်ရတဲ့သူတွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“အခုက သေတယ်လည်းကြားတယ်။ ချောင်းဦးမှာလိုလို၊ မုံရွာမှာလိုလိုကြားနေရပြီး လိုက်တော့လည်း လိုက်လို့မရတော့ မိသားစုတွေ စိတ်ပူနေရတယ်။ နေကောင်းရဲ့လား၊ အခြေနေ ဘယ်လိုရှိလဲဆိုတာ အားလုံးက စိတ်ပူနေကြတယ်”

ဖမ်းဆီးခံလိုက်ရတဲ့ညပိုင်းမှာတော့ စစ်ကောင်စီပိုင်ရုပ်သံကနေ ချောင်းဦးကနေ သိမ်းဆည်းရမိတယ်ဆိုကာ တူမီးသေနတ်တွေ၊ ကွန်ပြူတာတွေနဲ့အတူ ကိုဝေယံ၊ ကိုတိုးတိုး တို့ရဲ့ ပုံတွေကို ပြသသွားခဲ့ပါတယ်။

စစ်ကောင်စီက လာရောက်ဖြိုခွင်းခဲ့ပြီးနောက် မိဘတွေက သားသမီးတွေကို ပြန်ခေါ်သွားတဲ့အတွက် လတ်တလောမှာတော့ လူငယ်တွေ တစ်ကွဲတစ်ပြားဖြစ်နေတယ်လို့ ချောင်းဦး လူငယ်အဖွဲ့က ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kowaiyan-detainee-chaungoo-killed-05172021052436.html

ချောင်းဦးက အဖမ်းခံရသူ ကိုဝေယံ သေဆုံးကြောင်း သတင်းထွက်၊ မိသားစု စိတ်ပူနေ  ချောင်းဦးက အဖမ်းခံရသူ ကိုဝေယံ သေဆုံးကြောင်း သတင်းထွက်၊ မိသားစု စိတ်ပူနေ Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.