မြင်းခြံ တလုပ်မြို့ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ်

တိုက်ပွဲကြောင့်ရွာသားတွေ တိမ်းရှောင်နေရ

မြင်းခြံမြို့မြောက်ဘက် တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မွန်းလွဲပိုင်းမှာ ကား ၁၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကား ၁၀ စီးနဲ့ တလုပ်မြို့ကျေးရွာကို ပတ်ပတ်လည်ဝိုင်းထားပြီး ရွာတောင်ဘက် တံခါးပေါက်မှာ ကား ၂ စီးနေရာယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာပတ်ပတ်လည်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ရာမှာ ရွာသားနှစ်ဦး လက်မောင်းကို ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့လည်း ရွာသားတယောက်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ရွာတောင်ဘက်တံခါးအနီးမှာထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် စစ်သားတချို့ ဒဏ်ရာရခဲ့ကြတယ်။

စစ်သား ၇ ဦးလောက် ဒဏ်ရာရပြီး အဲဒီထဲက သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောဆိုတာတွေရှိနေပေမဲ့ အဲဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိအချိန်မှာတော့စစ်တပ်ဘက်က ရွာတောင်ဘက်တံခါးကို ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်လိုက်ပြီလို့လည်း မျက်မြင်ရွာသားတယောက်က ပြောပါတယ်။

တချိန်တည်းမှာပဲ မြင်းခြံမြို့ပေါ်က ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်တပ်စွဲထားတဲ့အလင်းရောင်စာသင်ကျောင်း၊ ပညာရေးမှူးရုံး၊ မြင်းခြံတက္ကသိုလ်၊ စွန်းလွန်းရပ်ကွက်၊ ကံဦးရပ်ကွက်၊ စက်မှုဇုန်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

မြင်းခြံ တလုပ်မြို့ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ်  မြင်းခြံ တလုပ်မြို့ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.