ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ


စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ kalay-PDF တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်။

ဒေသခံတစ်ဦးက `မနက် ၈ ခွဲလောက်ကစပြီး ရွာထဲမှာ ပစ်ခတ်တာတွေ စဖြစ်တယ် အခုထိဘဲ ပစ်ကြတယ် စစ်ကောင်စီဖက်က လက်နတ်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တာတွေရှိတယ် ရွာက လူတွေလည်း ထွက်ပြေးတိန်းရှောင်ကြတယ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှဦးရှိတယ်လို့တော့ မသိရသေးဘူး"ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သာစည်ကျေးရွာနေ ပြည်သူအချို့ ထွတ်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိသာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့် နေရာယူထားပြီး တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း သိရှိရပါသည်။

ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kalay - PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ အကြား တိုက်ပွဲအပြင်းထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်းလည်း သိရှိရပါသည်။

တော်လှန်ရေးစတင်ခဲ့သည့် ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ လက်ချက်ဖြင့် သေဆုံးရသူ ၃၀ ကျော်သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.