ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ဗားဂရာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: RFA

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မကြားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) တို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီနေရာမှာ မေလ ၂၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ဒီနေ့မနက်မှာလည်း ပစ်ခတ်တာတွေ ရှိနေသလို CDF ဘက်က ထိခိုက်ကျဆုံးတာ ရှိ၊ မရှိကို မသိရသေးပါဘူး။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ကန်ပက်လက်၊ မကွေးတိုင်း ကျောက်ထု၊ ဂန့်ဂေါမြို့တွေကနေ စစ်ကောင်စီတပ်ကူတွေလည်း ရောက်နိုင်တဲ့အတွက် အတတ်နိုင်ဆုံး ခုခံသွားကြမယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်က အဲဒီတပ်ကူတွေရောက်လာရင် အင်အားမမျှဖြစ်နိုင်တဲ့အတွက် တခြားမြို့တွေက ဒေသကာကွယ်ရေးတပ်အင်အား အကူအညီတွေလိုတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က မင်းတပ်မြို့ကနေ ကန်ပက်လက်မြို့ထဲကို ဝင်လာတာကြောင့် မင်းတပ်နဲ့ ကန်ပက်လက်အစပ် မကြားကျေးရွာအနားမှာ ဒေသကာကွယ်ရေးတပ်တွေက အဝင်မခံဘဲ ပြန်ခုခံနေတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/six-military-soldiers-death-kanpetlet-battle-05302021025348.html

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး  ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.