ရေတာရှည်မြို့နယ်တွင် အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


ရေတာရှည်   မေ  ၉ ။

ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်အရှေ့ဘက်ကမ်း၊ စည်ပိုင်းကျေးရွာအုပ်စု၊ ရှမ်းစု ကျေးရွာတွင် ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်က အမည်မသိ မျက်နှာအဝတ်များစည်းထားသည့် လူ ၅ ဦး ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ အသစ်ခန့်အပ်ထား သော အုပ်ချုပ်ရေးမှူးကို သေနတ်နှင့် နှစ်ချက်ပစ်ခတ်ခဲ့သည်။

ပစ်ခတ်ခံရသည့်အုပ်ချုပ်ရေးမှူးသည့် ယနေ့ နံနက် ၁၀ နာရီအချိန် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင်သေဆုံးသွားခဲ့သည်။

သေဆုံးသူဦးခင်ငွေသည်ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး နှင့် ခင်ပွန်းဖြစ်သူ နှင့်အတူ တစ်ထပ်တိုက်နေအိမ်အတွင်း တစ်ယောက် တစ်ခန်းစီအိပ်နေကြစဥ် အိမ်ရှေ့ တံခါးနှင့် အိမ်နောက် ဖေး တံခါးတို့အား ရိုက်ဖွင့်သံများကြားရကြောင်း၊ လင် မယားနှစ်ယောက်စလုံး အပြင်သို့ထွက်ပြေးမရသဖြင့် ကုတင်အောက်များ၌ ပုန်းနေကြစဥ် တံခါးပွင့်သွားသည့် အသံကြားရကြောင်း၊ အိမ်အတွင်းသို့ မျက်နှာများစည်း နှောင်၍ ဘောင်းဘီဝတ်ထားသူ ၅ ဦးက ဓာတ်မီးများထိုး ကာ ဦးခင်ငွေ အိပ်ခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီးနောက် မင်းက စစ်ကောင်စီ ပဲဟု ပြောပြီး သေနတ်သံတစ်ချက် ကြားရကြောင်း ဦးခင်ငွေ အော်သံကြာရပြီး နောက်ထပ် သေနတ်သံတစ်ချက်ထပ်ကြားရပြီးနောက် ဘာသံမှ မကြားရတော့ပဲ အဆိုပါလူ ၅ ဦးမှာ ဆိုင်ကယ်များဖြင့် ပြန်ထွက်ခွါသွားကြောင်း ဇနီးဖြစ်သူ၏ တိုင်တန်းချက် တွင် ဖော်ပြထားသည်။ 

ဦးခင်ငွေ တွင် ယာပါး ကျည် ဖောက်ဝင်ဒါဏ်ရာတစ်ချက်၊ ဝဲဘက်နံဘေး ကျည်ဖောက် ဝင်ဒါဏ်ရာတစ်ချက်တို့ရရှိသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကိုတင်ပို့ပေးခဲ့ရာ ယနေ့နံနက် ၁၀ နာရီ အချိန်၌သေဆုံးသွားကြောင်းသိရ၍ ဆွာနယ်မြေရဲစခန်း က အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။ 


ကိုလွင်(ဆွာ)

Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212/

ရေတာရှည်မြို့နယ်တွင် အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ရေတာရှည်မြို့နယ်တွင် အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.