နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ


May 28, 2021/ Kachin News Group

လီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။အသက် ၆၀ အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်သည် မေလ ၂၇ ရက်ည ၈ နာရီခွဲခန့်က သူ၏နေအိမ်တွင် ပစ်သတ်ခံရကြောင်း နောင်းမီဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“သတ်ခံရတဲ့သူက နောင်မီကျေးရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီရွာမှာ  ပြည်သူ့စစ်ခေါင်းဆောင် လုပ်တာ ၁၀နှစ်နီးပါးလောက်ရှိပြီ။ မနေ့ညကတော့ သူရဲ့အိမ်မှာဘဲ ဝင်ပစ်သတ်သွားတယ်လို့သိရ တယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်ကို နေအိမ်တွင် ဝင်ရောက်ပစ်သတ်သွားသူမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA က ဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ကျနော်ထင်တာက KIA ပစ်တယ်လို့ဘဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှဒူးဇွပ်ကျေးရွာက ပြည်သူ့စစ်နေအိမ်ကို သွားပစ်တော့ KIA ဘက်က ၄ ယောက်တောင်ပစ်သတ်ခံရလို့ ပြန်လာလုပ်တယ်လို့ဘဲမြင်တယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော် ပစ်သတ်ခံရသောကြောင့် နောင်းမီအုပ်ချုပ်ရေးမှူးကို စစ်တပ်ဘက်က ခေါ်ဆောင်သွားသော်လည်း ယနေ့ နံနက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်အောက် သစ္စာခံများဖြစ်ကာ စစ်တပ်ဘက်၏ သတင်းပေးအဖြစ်ရှိနေကြကြောင်း ဒေသခံများက ပြောဆိုနေကြပါသည်။


Kachin News Group 

https://www.facebook.com/theKachinNews

နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.