မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ


ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်နယ်စပ် ခွဲလုံတွင် မေလ ၃၀ ရက်နေ့ ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး Mindat - CDF တပ်ဖွဲ့များ စစ်ကူပို့ခဲ့ရကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး သတင်းအဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ (30.5.21) နေ့က စစ်​ကောင်စီတပ်များ မင်းတပ်-ကန်ပက်လက်နယ်စပ် ခွဲလုံသာ၊ မကြား စသည့်ရွာများတွင် ထိုးစစ်ဆင်လာရာ ကြာလေလှိုင်း၊ မဒပ်၊ မနပ်ထိုင်း စသည့် နေရာတွင်ရှိသော Mindat-CDF တပ်ဖွဲ့ဝင်များက အဓိကသွားရောက် စစ်ကူပို့ပေးခဲ့ရပြီး တိုက်ပွဲများဖြစ်ခဲ့သည်ဟု မင်းတပ်ပြည်သူ အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားပါည်။

စစ်ကောင်စီတပ်များသည် မင်းတပ်မြို့နယ်၊ ဧစခန်းရွာကို ထိုးစစ်ဆင်လာရာတွင် ဧစခန်းရွာတွင်ရှိသော အလံဖြူထောင်ထားသည့် စစ်ရှောင်စခန်းကို  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ နီးစပ်ရာ ရွာများသို့ မိုးထဲလေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.