ထီးလင်းမြို့အနီးတွင် ချင်းလူငယ် ၂ ဦးအသတ်ခံရ

ပုံစာ။ အသတ်ခံရတဲ့ ဆလိုင်းကျူံးဇုန်ထန်(၂၄နှစ်)

မကွေးတိုင်း၊ ထီးလင်းမြို့အနီးတွင် ရိုးရာသွားစိုက်လုပ်ငန်းလုပ်ကိုင်တဲ့ ချင်းလူငယ် ၂ ဦးကို မေလ ၄ ရက်တွင် အမည်မသိ အရပ်ဝတ်လူတစ်စုကဖမ်းဆီးသတ်ဖြတ်ခြင်းခံရတယ်လို့ The Chin Journal မှာဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ ချင်းလူငယ် ၂ ဦးကတော့ ဂန့်ဂေါမြို့ နယ်၊ အုတ်လှကျေးရွာက ဆလိုင်းကျူံးဇုန်ထန်(၂၄နှစ်)၊ ဆလိုင်းဂျိုးနသန် (၁၇နှစ်) တို့ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဆလိုင်းကျူံးဇုန်ထန်၊ ဆလိုင်းဂျိုးနသန်၊ သားငယ် နဲ့ ၎င်းတို့သူငယ်ချင်းတစ်ယောက်ဟာ ရိုးရာသွားစိုက်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေဖြစ်ပြီး မကွေးတိုင်းမှာ တစ်ရွာဝင် တစ်ရွာထွက်ပြီး သွားစိုက်ပေးကြပါတယ်။

ထီးလင်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ပစ်ခတ်မှုတွေရှိလာတာကြောင့် မေ ၄ ရက်တွင် ၎င်းတို့ရွာသို့ပြန်လာစဉ် အခုလို ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာပါ။

အုတ်လှရွာသားတစ်ဦးက "ထီးလင်းမှာပစ်ခတ်နေတဲ့ချိန်ဆိုတော့ သူတို့ ၄ ယောက်စလုံးဖမ်းဆီးခံရတယ်။ ကျူံးဇုန်ထန်နဲ့ ဂျိုးနသန်ကိုသတ်ပြီးမီးရှို့ကြတယ်တဲ့။ သားငယ်ကတော့ ထွက်ပြေးနိင်လို့ ဒီမနက်(မေ ၅)မှာ ရွာကိုတစ်ကိုယ်လုံးဒဏ်ရာနဲ့ရောက်လာတယ်။ သူတို့သူငယ်ချင်းတစ်ယောက်က အနီးနားကရွာသားတွေက ကယ်နိင်လို့ရွာကိုဖုန်းဆက်ပြီး ညနေပိုင်းသွားခေါ်ကြတယ်။ ၂ ယောက်စလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတော့ မေးမြန်းလို့လည်းမရသေးဘူး။ ဘယ်အဖွဲ့က သတ်တာလည်းဆိုတာတောင်မသိနိင်သေးဘူး" လို့ပြောပါတယ်။


Zalen

https://www.facebook.com/zalen.info/

ထီးလင်းမြို့အနီးတွင် ချင်းလူငယ် ၂ ဦးအသတ်ခံရ ထီးလင်းမြို့အနီးတွင် ချင်းလူငယ် ၂ ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.