မြောင်မြို့နယ်တွင် စစ်ကောင်စီကခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု အသတ်ခံရ




စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာက စစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် မိသားစု ၄ ယောက် မေ ၁၈ ညက အသတ်ခံရတယ်လို့ ‌ရွာသားထံမှသတင်းရရှိပါတယ်။ 

မေလ ၁၈ ရက်ည ၉နာရီကျော်လောက်မှာ အုပ်ကြီးနေအိမ်ကိုအမည်မသိလူတစုက သေနက်တွေ ဓားတွေနဲ့ဝင်ရောက်သတ်ဖြတ်ကြတာဖြစ်တယ်။

အခင်းဖြစ်ပွားမှုကြောင့် အုပ်ချုပ်ရေးမှူး၊ ၎င်းသမီး၊ သားနဲ့ သုံးနှစ်အရွယ်မြေးတယောက် အသတ်ခံလိုက်ရပါတယ်။ အုပ်ကြီး အမျိုးသမီးကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။

ရွာသားတစ်ဦးက "အခုအသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီက စတင်ခန့်အပ်ချိန်မှာ ၎င်းကို ဆန္ဒပြတဲ့ရွာသူရွာသားတွေကို သူ့သမီးနဲ့သူ့သားက တုတ်ဓားတွေနဲ့ပြဿနာရှာခဲ့ပြီး စစ်တပ်ကိုရွာထဲခေါ်သွင်းကာ ဆန္ဒပြသူတွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖျက်စီးမှုတွေလုပ်ခဲ့ပါတယ်။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာတော့ စစ်သားနဲ့ရဲအင်အား ၄၀ လောက်ရွာထဲကိုဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေကျပါတယ်"လို့ပြောပါတယ်။

ရွာသားအများစုကတော့ ဘေးလွတ်ရာကိုရှောင်နေကျရပါတယ်။ လက်ရှိ ရွာထဲမှာ စစ်ကား ၃ စီးနဲ့ စး်သားတွေ နေရာယူထားကြတယ်။

အခုသတ်ဖြတ်မှုဟာ ရွာသူရွာသားတွေပါဝင်မရှိဘူးလို့ ရွာသူရွာသားတွေကပြောကျပါတယ်။

ဘယ်အဖွဲ့စည်းကလာရောက်သက်ဖျက်လည်းဆိုတာ မသိရသေးပါဘူး။


Zalen 

https://www.facebook.com/zalen.info/

မြောင်မြို့နယ်တွင် စစ်ကောင်စီကခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု အသတ်ခံရ မြောင်မြို့နယ်တွင် စစ်ကောင်စီကခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု အသတ်ခံရ Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.