ဖားကန့်သပိတ်ဖြိုခွင်းမှုကြောင့် (၁) ဦးသေ၊ (၅) ဦးထက်မနည်း ဒဏ်ရာရရှိ



ဓါတ်ပုံ- CJ

မေ၊၂

ယနေ့ မေလ (၂) ရက်နေ့တွင် ဖားကန့်မြို့နယ်၊လုံးခင်း သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်နေစဉ် ရဲ နှင့် စစ်သားများလာရောက်ဖြိုခွင်းသောကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားမှာ လုံးခင်းကျေးရွာ ရပ်ကွက် (၁) တွင် နေထိုင်သူ ကိုဝေဖြိုး၊ အသက် (၃၃) နှစ်ဖြစ်ပြီး နောက်စေ့မှန်သေဆုံး ခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ (၃) ဦးရှိခဲ့ပြီ ဖြစ်ပြီး (၅၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းလည်း သ်ရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ဖားကန့်သပိတ်ဖြိုခွင်းမှုကြောင့် (၁) ဦးသေ၊ (၅) ဦးထက်မနည်း ဒဏ်ရာရရှိ ဖားကန့်သပိတ်ဖြိုခွင်းမှုကြောင့် (၁) ဦးသေ၊ (၅) ဦးထက်မနည်း ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.