ပြည်ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်း ထောင်ဒဏ် ၆ နှစ်ချခံရ



ပြည် မေ ၁၂ ။

ပြည်မြို့မှာ ဖမ်းဆီးခံရတဲ့ PTU ကျောင်းသားဟောင်း ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်းကို ဒီနေ့မှာ ပြည်ထောင်တွင်း တရားစီရင်ရေးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုသန့်စင်ထွန်းကို သဘာဝ ဘေးဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၃ နှစ်အပြင်  ပုဒ်မ ၅၀၅ (က)နဲ့ ၃ နှစ် စုစုပေါင်း ၆ နှစ်ကို သီးခြားကျခံစေရန် ဒီကနေ့ မေလ ၁၂ ရက်ညနေပိုင်းမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည် နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း သန့်စင်ထွန်းကို ဖေဖော်ဝါရီ ၁၈ ရက်‌နေ့လယ် ၂ နာရီခန့်မှာ အကောင်းစား လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပြည်ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်း ထောင်ဒဏ် ၆ နှစ်ချခံရ ပြည်ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်း ထောင်ဒဏ် ၆ နှစ်ချခံရ Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.