ဟာသသရုပ်ဆောင် ချင်းလူငယ် ဆလိုင်း အပါအဝင် လူ ၅ ဦး ဖမ်းဆီးခံရ



ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်(ထေးသမ) ရပ်ကွက်မှာနေထိုင်သည့် ဟာသသရုပ်ဆောင်ဆလိုင်းအပါအဝင်လူငယ် ငါးဦးကို အဏာသိမ်းစစ်ကောင်စီ၏တပ်များက မေလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်မှာ နေအိမ်အတွင်းအကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ကိုတင်မောင်(ခ)funny Salai ဟာကျေးလက်ဟာသဇာတ်လမ်းများဖြင့် အွန်လိုင်းတွင် နာမည်ရနေသော ချင်းလူငယ်ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ဟာသသရုပ်ဆောင် ဆလိုင်း၊ ဘိုဘိုအောင် ၊ ဆော်ရယ်၊ ဘူးရယ်နဲ့ ကြည်ဇော်လှိုင်တို့ဖြစ်ကြောင်း  ဒေသခံများမှ အတည်ပြုထားပါတယ်။ ၎င်းတို့ကို ဘယ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းတာလဲဆိုတာ မသိရသေးပါ။


Zalen

https://www.facebook.com/zalen.info/

ဟာသသရုပ်ဆောင် ချင်းလူငယ် ဆလိုင်း အပါအဝင် လူ ၅ ဦး ဖမ်းဆီးခံရ ဟာသသရုပ်ဆောင် ချင်းလူငယ် ဆလိုင်း အပါအဝင် လူ ၅  ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.