ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ


မေလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ မေလ ၁၉ ရက်နေ့က စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဇင်မင်းကို သူနေထိုင်ရာ ဒေါနလမ်းသွယ် (၁)တွင် ယနေ့ နံနက် ၉ နာရီကျော်က အမည်မသိလူတစ်စုမှ ၎င်း၏ကား၊ ဆိုင်ကယ်ရေဆေးဆိုင်တွင် သေနတ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ” မနက်က ၉ နာရီ ၁၅ မိနစ်မှာဖြစ်သွားတာ၊ စစ်တပ်က သူ့ကိုရပ်ကွက် အုပ်ချုပ်ရေးမှူးခန့်ထားတာလေ၊ သူ့ကြောင့် သုံးဆူက လူငယ်တော်တော်များများ အဖမ်းခံရတယ်၊ ဘယ်သူတွေ လုပ်သွားတာလဲတော့မသိဘူး၊ သူ့ဆိုင်ရေဆေးခုံမှာ ပစ်သတ်သွားတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းသည် ဒုတပ်ရင်းမှူးအဆင့်ဖြင့် စစ်တပ်မှ အငြိမ်းစားယူထားသူဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်တစ်ဦးလည်းဖြစ်သည်။ လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာတွင် အသွားအလာအာလုံး ပိတ်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ၎င်းစစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား၊ ဆိုင်ကယ်ရေဆေးဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။ 


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.