ဒေါက်တာဇော်မြင့်မောင် အာမခံ မရ

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) ဒေါက်တာ ဇော်မြင့်မောင်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေး အာမခံလျှောက်ထားတာကို မေလ ၃၁ ရက်နေ့က ခရိုင်တရားရုံးကနေ ပယ်ချလိုက်တဲ့ အမိန့်ချခဲ့တယ်လို့ အမှု့ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကနေ သိရပါတယ်။

ကင်ဆာရောဂါဝေဒနာခံစားရလို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေးအာမခံရဖို့ လျှောက်ထားရာမှာ ဒီကနေ့ ခရိုင်တရားရုံးက အာမခံလျှောက်ထားတာကို ပယ်ချတဲ့ အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဇွန်လ ၈ရက်နေ့မှာတော့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်းက အဖမ်းခံရတဲ့ ဒေါက်တာ ရဲလွင်၊ ဒေါက်တာ စိုးသန်း၊ ဦးဇာနည်အောင်၊ ဦးမျိုးသစ်နဲ့ တိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကို၊ စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျတို့ရဲ့ တရားလိုသက်သေတွေကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုတွေနဲ့ စွဲဆိုထားပြီး အခြားဝန်ကြီးနဲ့ ဖမ်းဆီးခံရသူတွေက ၅၀၅(ခ) ဒါမှမဟုတ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တစ်ခုစီနဲ့ တရားစွဲဆိုခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဒေါက်တာဇော်မြင့်မောင် အာမခံ မရ  ဒေါက်တာဇော်မြင့်မောင် အာမခံ မရ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.