တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် စကစ တပ်ဖွဲ့၀င် အနည်းဆုံး (၃)ဦး သေဆုံး

ပုံ-မတ်လအတွင်းက တန့်ဆည်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုမြင်ကွင်

တန့်ဆည်၊မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF -Taze)နဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဒီကနေ့  မေလ(၁၀)ရက် ညနေ(၇)နာရီ၀န်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အနည်းဆုံး(၃)ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မဟာမြိုင်ရဲဘက်စခန်းကို အကျဉ်းသားတွေ သွားရောက်ပို့ဆောင်ရင်း တန့်ဆည်မြို့နယ် ကံထူးမစံပြကျေးရွာက သပိတ်ခေါင်းဆောင်နေအိမ်ကို ၀င်ရောက်ရှာဖွေ ဖျက်စီးသွားခဲ့တာကြောင့် မဟာမြိုင်က ပြန်အလာကိုစောင့်ပြီး ပျောက်ကျားတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

"နေ့လည်(၁၁)နာရီလောက်မှာ သပိတ်ခေါင်းဆောင်အိမ်ကို ၀င်ရှာတယ်။ အိမ်ကိုလည်း ဖျက်သွားတယ်။ပြည်သူတွေကိုလည်းသေနတ်ထောက်ပြီ ဘယ်သွားလည်း၊ဘာ

၊ညာ မေးတာကို မခံနိုင်လို့ သူတို့အပြန်ကိုစောင့်ပြီးတိုက်ခိုက်ခဲ့တာ"လို့ တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တန့်ဆည်မြို့နယ် တာ၀န်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာဟာ မဟာမြိုင်တောရ မယ်တော်ကြီးကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမယ့် ဒေသခံပြည်သူလူထုဘက်က အထိခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတဲ့ CDMဆရာ၀န်တစ်ယောက်ဆီကို ဆေးကုသမှုပြုလုပ်ဖို့ စကစ တပ်ဖွဲ့၀င်တွေက ပြုလုပ်နေကြတယ်လို့လည်းသိရပါတယ်။

အခုလို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် တန့်ဆည်မြို့နယ်အတွင်းကို အကြမ်းဖက် ဖိနှိပ်တာတွေပိုမိုပြုလုပ်လာနိုင်တယ်လို့လည်း မြို့နယ် တာ၀န်ခံက ပြောပါတယ်။


Zeyar Time

https://www.facebook.com/Zeyar-Time-755499004652013

တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် စကစ တပ်ဖွဲ့၀င် အနည်းဆုံး (၃)ဦး သေဆုံး တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် စကစ တပ်ဖွဲ့၀င် အနည်းဆုံး (၃)ဦး သေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.