ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှု ရုံးချိန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) ဂ အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ရုံးချိန်းရှိပါတယ်။ ဒီနေ့မှာ အတိုင်ပင်ခံကို စစ်ကောင်စီဘက်က တိုင်ကြားစာကို ရှေ့နေတွေဘက်က မိတ္တူကူးခွင့်ရခဲ့ပါတယ်။ သြစတြေးလျနိုင်ငံသားစီးပွားရေး အကြံပေး မစ္စတာရှောင်တာနဲလ်ဆီကနေ ဖမ်းဆီးရမိတဲ့ စာရွက်စာတမ်း၊ ပစ္စည်းတွေကြောင့် မစ္စတာရှောင်တာနဲလ်ကို တရားစွဲတယ်လို့သာ ပါရှိတာပါ။

"သူတို့တိုင်ကြားချက်မှာတော့ မစ္စတာရှောင်ကို မူတည်ပြီးပဲ ပြောတာ၊ အန်တီတို့နဲ့ ပတ်သက်တာမပါ ပါဘူး။ အန်တီ့ကို ဘာကြောင့်တရားစွဲဆိုတယ်ဆိုတာ တိုင်ကြားချက်မှာမပါဘူး။ နောက် တရားလိုတွေ စစ်ရင်တော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး" လို့ အမှုလိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားရုံးဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ရတဲ့နေရာမှာ video conferencing ယူခဲ့ပြီး ရှေ့နေတွေရှေ့ ရုံးထုတ်မလာရဘဲ ရုံးချိန်းသာပေးခဲ့တာပါ။ ရှေ့နေတွေဘက်ကတော့ အမှုသည်နဲ့ တွေ့ခွင့်ရဖို့ လျှောက်လဲချက်ပေးထားပြီး လာမယ့် မေ ၂၀ ရက် ရုံးချိန်းမှာ အမိန့်ချမှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှု ရုံးချိန်း  ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှု ရုံးချိန်း Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.