ဟားခါးမြို့နားရှိကျေးရွာတစ်ခုတွင် စစ်တပ်မှ ပိုက်ဆံ ၁၀သိန်းနှင့် ချင်းရိုးရာပစ္စည်းအချို့လုယက်ယူဆောင်သွားဟုသိရ


ဟားခါးမြို့နားရှိHniar Hlawn ကျေးရွာတွင် စစ်တပ်မှ ယနေ့မနက်ပိုင်းတွင် ရွာထဲရှိအိမ်တစ်အိမ်တွင် ဝင်ရောက်စီးနှင်းပြီး ပိုက်ဆံ ၁၀သိန်းအပါအဝင်ဘိုးဘွားအမွေ ချင်းရိုးရာအထည်များကို ယူဆောင်သွားကြောင်းသိရသည်။

"အဲဒီအိမ်မှာ ဝင်စစ်ဆေးတော့ ချင်းရိုးရာဝတ်စုံထည့်ထားတဲ့ ခရီးဆောင်အိတ်အကြီး ၂အိတ်ရယ်၊သံသေတ္တာက ၃လုံး၊ပြီးရင်ပိုက်ဆံက ၁၀သိန်းယူသွားတယ်၊သူများက လာထားတဲ့ ချင်းဝတ်စုံ ဆာလာအိတ် ၂အိတ်အပြည့်အဲတာတွေလည်း ယူသွားတယ်၊အိမ်ရှင်ရဲ့သားက လက်ထပ်တာမကြာသေးဘူး သူတို့ရတဲ့ လက်ဖွဲ့တွေအကုန်လုံးယူသွားတယ်"ဟု ယင်းတို့နှင့်နီးစပ်သူတစ်ဦးမှ Chin World media သို့ပြောသည်။

ဖြစ်စဥ်မှာ ယနေ့ မနက် ၁၀နာရီခန့်မှဖြစ်ပွားပြီး စစ်တပ်မှ ယင်းရွာမှ ရွာသား ၂ဦးနှင့် ဟားခါးထာရ်ရပ်ကွပ်မှ ပြည်သူ ၇ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်းသိရသည်။ယခုကဲ့သို့ အဖြစ်အပျက်ဖြစ်ပြီး ကျေးရွာနှင့်ရပ်ကွက်အတွင်းရှိပြည်သူများအချို့ နေအိမ်တွင်မနေပဲ လုံခြုံသည့်နေရာများတွင် ရွေ့ပြောင်းနေကြကြောင်းလည်းသိရသည်။

"အဖိုးကြီးနဲ့အဖွားကြီးနေတဲ့အိမ်ရှေ့မှာ ထင်းပုံပြီးထားတော့ ဘာလို့ထားတာလဲဆိုပြီးမေးတယ်လို့ပြောတယ်၊စကားကကြမ်းတယ်သူတို့တံခါးတွေကိုလည်း ကြမ်းကြမ်းကြီးဖွင့်မေးတာတွေရှိတယ်၊မျက်မြင်သက်သေတစ်ဦးကတော့ ပြည်သူတွေက ဒီလိုမေးမြန်းကြမ်းတမ်းတာတွေတွေ့တော့ သူတို့နေအိမ်မှာ နေဖို့တောင်ကြောက်လာပြီလို့တော့ပြောတယ်" ဟု ပြည်သူတစ်ဦးမှ Chin World Media သို့ပြောသည်။

လက်ရှိ ဟားခါးမြို့တွင် အဖမ်းဆီးခံပြည်သူ ၆၀ ကျော်ရှိပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသူ များကြောင်းလည်းသိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853/

ဟားခါးမြို့နားရှိကျေးရွာတစ်ခုတွင် စစ်တပ်မှ ပိုက်ဆံ ၁၀သိန်းနှင့် ချင်းရိုးရာပစ္စည်းအချို့လုယက်ယူဆောင်သွားဟုသိရ ဟားခါးမြို့နားရှိကျေးရွာတစ်ခုတွင် စစ်တပ်မှ ပိုက်ဆံ ၁၀သိန်းနှင့် ချင်းရိုးရာပစ္စည်းအချို့လုယက်ယူဆောင်သွားဟုသိရ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.