မင်းကင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် မုံရွာမှာ အဖမ်းခံရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ်ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့ ဒေါ်ခင်မွှေးလွင်မုံရွာမှာ အဖမ်းခံခဲ့ရတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

မေလ၃၀ရက်နေ့ညပိုင်းက မုံရွာချင်းတွင်းတံ တားအနောက်ဘက်ရွှေတောင်ဦးမှာ အဖမ်း ခံခဲ့ရတာဖြစ်တယ်လို့ လည်းသူ့ရဲ့ မိတ်ဆွေ တွေက ပြောပါတယ်။

ချင်းတွင်းတံတားအနီး ရွှေတောင်ဦးက အိမ်တစ်အိမ်မှာ တည်းခိုနေစဥ် အဖမ်းခံရတာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

USDPနဲ့ NLD အကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ မင်းကင်းမြို့မှာ ၂၀၁၅ နဲ့၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒေါ်ခင်မွှေးလွင်က လွတ်တော် ကိုယ်စားလှယ်အဖြစ်၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ၂၀၁၅မှာ ရုံးနိမ့်ခဲ့ပြီး ၂၀၂၀မှာ အနိုင်ရခဲ့ပါတယ်။

မင်းကင်းမှာ ၂၀၁၅ ရွှေးကောက်ပွဲတုန်းက ဒေါ်ခင်မွှေးလွင်က NLD ပါတီက ယှဥ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ပါတီက တိုင်းဒေသကြီးကိုယ်စားလှယ်နေရာက ဒေါ်ခင်မွှေးလွင်က ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မင်းကင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် မုံရွာမှာ အဖမ်းခံရ မင်းကင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် မုံရွာမှာ အဖမ်းခံရ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.