ရန်ကင်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီးနောက် ရှာဖွေစစ်ဆေးမှုလုပ်နေ

ရန်ကင်းမြိုနယ် ၂ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထပ်မံပေါက်ကွဲမူဖြစ်

ရန်ကင်းမြိုနယ်အတွင်းပေါက်ကွဲမူတွေဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် လမ်းမကြီးတွေနဲ့ရပ်ကွက်တွေအတွင်းမှာပါ လုံခြုံရေးတင်းကျပ်ပြီး ရှာဖွေစစ်ဆေးမူတွေလုပ်နေတယ်လို့ ရန်ကင်းမြို့နယ်နေပြည်သူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်အလုပ်လုပ်နေတုန်း အုံးကနဲ ကြားလိုက်တယ်။ ပုံမှန်ကားဘီးပေါက်သံထပ်ကျယ်သွားတော့အကုန်ထွက်ကြည့်တယ်။ အဲ့အချိန်မှာပဲ နှစ်ချက်ထပ်ဆင့်ပေါက်တယ်။ နောက်ထပ်မိနစ်ပိုင်းထပ်အကြာမှာ ထပ်ပေါက်တယ်။ အိမ်ကလူတွေနဲ့ဆက်သွယ်နေတုန်း ပြောနေတုန်းမှာပဲ နောက်ဆုံးတစ်လုံးထပ်ပေါက်တယ်။ စုစုပေါင်း ငါးလုံးပေါ့။ ဗုံးမပေါက်ခင်ကတည်း မနေ့ကတည်းက လုံထိန်းတွေနေရာယူထားတယ်။ ဆိုင်ကယ်တွေတွေ့တာနဲ့ဖမ်းတယ် ။ ဘောက်ထော်မှတ်တမ်းရုံးနားတောက်လျှောက် ယာဉ်ထိန်း ရဲရောလုံခြုံရေးအပြည့်ပဲနေရာယူထားတာ။ အခုတော့ ရန်ရှင်းလမ်းပေါ်မှာလုံခြုံရေးအပြည့်နေရာယူလိုက် ပြီလို့ သိရတယ်။ လုံခြုံရေးယူထားပြီလို့ပြောနေသံကြားတုန်းပဲထပ်ထပ်ပြီးပေါက်နေတာ" လို့ သူကပြောပါတယ်။

အခုလိုစက်မူ ၁ လမ်းမပေါ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဆက်တိုက်ဖြစ်ပွားပြီးတဲ့ နောက်မှာပဲ ရန်ကင်းမြိုနယ် ၂ ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထပ်မံပေါက်ကွဲမူဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိတယ်လို့လည်း ကြားသိထားရပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပွားအပြီးမှာ ရန်ကင်းမြိုနယ်က လမ်းမကြီးတွေပေါ်မှာ ကားတားပြီး လမ်းပိတ်စစ်ဆေးမှုတွေကို ဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်လို့ ရန်ကင်းမြိုနေပြည်သူတစ်ဦးက ပြောပြပါတယ်။

လူထုဆန္ဒပြမှုတွေခပ်စိပ်စိပ်ပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ ယနေ့မေလ ၁ ရက်နေ့ မနက်ပိုင်း ကစလို့ အင်းစိန်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း ၊ ဗဟန်းနဲ့ တောင်ဒဂုံမြို့နယ်တွေမှာလည်း ပေါက်ကွဲမူတွေဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကင်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီးနောက် ရှာဖွေစစ်ဆေးမှုလုပ်နေ ရန်ကင်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီးနောက် ရှာဖွေစစ်ဆေးမှုလုပ်နေ Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.