အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်





မေလ ၂၈ ရက်၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို  မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအပြီး အမျိုသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားအဖွဲ့များအကြား ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ 

အဆိုပါ ပူးတွဲကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ကို မြန်မာနိုင်ငံပြည်သူလူထုက နိုဝင်ဘာလရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သော တရားဝင် ကိုယ်စားပြုအစိုးရနှင့် လွှတ်တော်အဖြစ် အသိအမှတ်ပြုရန် ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များက ဂျပန်အစိုးရကို တိုက်တွန်းကြောင်း၊ မြန်မာပြည်သူလူထု၏ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြသော အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခဲ့ကြသော စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအားလုံးသည် ထိုက်တန်သော တရားစီရင်မှုရရှိသင့်ကြောင်းကြေညာပြီး ထိုသို့ကျူးလွန်ခဲ့သူများကို အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးအပါအဝင် မျှတသော တရားစီရင်မှုအောက်တွင် ထိရောက်သော အပြစ်ဒဏ်များချမှတ်နိုင်ရေး ဆောင်ရွက်ကြရန် ဂျပန်အစိုးရနှှင့် အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းများကို မိမိတို့တိုက်တွန်းပါကြောင်း၊ စစ်ကောင်စီအနေနှင့် လက်နက်ကြီးများ၊ တိုက်လေယာဉ်များအသုံးပြု၍ တိုင်းရင်းသားဒေသများကို အားတိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုံချကြောင်း စသည့် အချက်များနှင့် အခြား ပြင်းထန်သော တောင်းဆိုမှုများပါဝင်ပါသည်။ 

ပူးတွဲကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုတိယသမ္မတ ဒူဝါလရှီးလမှ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံအရေးကူညီဆောင်ရွက်နေသော ဂျပန်နိုင်ငံလွတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ Mr. Nakagawa မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။


National Unity Government of Myanmar 

https://www.facebook.com/NUGmyanmar

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.