တက္ကသိုလ်တွေ၊ကောလိပ်တွေမှာ ထီလက်မှတ်ကို ဈေးလျှော့ရောင်းဖို့ ပြင်နေ



Share/Bookmark
(၁၅)ကြိမ်မြောက် ကျပ် တစ်ထောင်တန် အောင်ဘာလေထီ သိန်းဆုဖွင့်ပွဲ

အဆင့်မြင့်ပညာရေးအောက်မှာရှိတဲ့ တက္ကသိုလ်၊ကောလိပ်တွေက ထီထိုးလိုသူတွေအနေနဲ့ ထီလက်မှတ် ၁၁ စောင်ကို ၁၀ စောင်နှုန်းထားနဲ့ မှာနိုင်တယ်လို့ဆိုပြီး အဆင့်မြင့်ပညာဦးစီးဌာနက စာတစ်စောင်ထုတ်လာပါတယ်။

အောင်ဘာလေသိန်းဆုဌာနကနေ လစဉ်မှာနိုင်တယ်ဆိုတဲ့အဲဒီစာကို တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခချုပ်ကြီးတွေ၊ ကျောင်းအုပ်ကြီးတွေကို ဖြန့်ဝေဖို့ ဆိုတဲ့ ညွှန်ကြားချက်ကို တွေ့ရပါတယ်။

ထီရောင်းအားကျဆင်းတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက မကြာသေးခင်တုန်းက ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေမေးခွန်းကို ပြန်ဖြေခဲ့ပြီးချိန်မှာ အခုလို ထီတစ်စောင်အပိုပေး ရောင်းချမယ့် အစီအစဉ်ထွက်လာတာလည်းဖြစ်ပါတယ်။

အောင်ဘာလေ ထီလက်မှတ်ရောင်းချငွေကို နိုင်ငံ့အခွန်ငွေနဲ့ ဆုကြေးငွေအဖြစ်ပိုင်းခြားထုတ်ပေးတာဖြစ်လို့ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီဆီ အခွန်တွေ မရောက်အောင် ထီမထိုးဖို့ လူထုက လှုံ့ဆော်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာ လစဉ်လတိုင်း ၁ ရက်နေ့မှာ ထွက်လေ့ရှိတဲ့အောင်ဘာလေထီဟာသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ ၁၅ ရက်နောက်ကျပြီး မတ်လ ၁၅ ရက်မှာ ထီဖွင့်နိုင်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ