အိန္ဒိယနယ်စပ် မီဇိုရမ်ဘက် ထွက်ပြေးခိုလှုံသူ သောင်းဂဏန်းခန့် ရောက်ရှိ



Share/Bookmark
ဓါတ္ပံု- Chinland Defence Force (CDF)

ချင်းပြည်နယ်မှာ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက အင်အားသုံး အပြင်းအထန်ဖိနှိပ်နေတာကြောင့် အိန္ဒိယမြောက်ပိုင်း မီဇိုရမ် နယ်စပ်ဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်အရေအတွက်တိုးလာနေပြီး အခုဆိုရင် သောင်းဂဏန်းနီးပါးလောက်ရောက်ရှိနေပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Chin Association အဖွဲ့က ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။

အိန္ဒိယဗဟိုအစိုးရက တားမြစ်ကန့်သတ်ထားတာတွေအပြင် COVID-19 ကပ်ရောဂါကူးစက်မှု ခံနေရတဲ့ မီဇိုရမ်ပြည်နယ်ရောက် ချင်းနဲ့ မြန်မာဒုက္ခသည်တွေအရေးဟာ အတော်လေးစိုးရိမ်ဖွယ်ရာ ရှိနေတယ်လို့လည်းဆိုပါတယ်။ Chin Association of Maryland ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Zo Turn Hmung ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြသူတွေထဲမှာ ချင်းပြည်နယ်လွှတ်တော်အမတ် ၂၀ နီးပါးရှိနေပြီး၊ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ရဲဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြု၊ ကျောင်း ဆရာ၊ ဆရာမတွေလည်း ပါဝင်နေတယ်လို့ Chin Association of Maryland ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Zo Turn Hmung က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးသတင်းရတာကတော့ ၁၅,၀၀၀ လောက်မီဇိုရမ်မှာ ရောက်နေပြီလို့ သတင်းရတယ် အဲဒီ ၁၅,၀၀၀ ထဲမှာ ချင်းပြည်နယ်က လွှတ်တော်အမတ်တွေ ၁၇ လား ၁၈ လား အဲဒီလောက် ရောက်တယ်လို့ ကျနော်သတင်းရတယ်။ ပြီးတော ရဲတွေလည်း တော်တော်များများရောက်လာတယ်၊ ဆရာဝန်တွေ၊ Nurse တွေ ကျောင်းဆရာတွေလည်း ရောက်လာတယ် ။ ခုန ကျနော်ပြောသလိုပေါ့ ၁၅,၀၀၀ အခုရောက်နေတယ်။

မေး။ ။ ဒုက္ခသည်တွေအတွက် အကူအညီတွေကိုရော ဘယ်သူတွေက ဆောင်ရွက်ပေးနေလဲရှင့်။

ဖြေ။။ အဲဒီမှာရှိတဲ့ မီဇို local group ပေါ့နော် အကူအညီတွေပေးနေပါတယ် သူတို့ရွာမှာပဲ အခု မီဇိုရမ်မှာ district ၅ ခုလောက်ရှိတယ်။ အဲဒီမှာပဲ သူတို့ local မီဇို တွေ ကူညီနေပါတယ်။ ပြီးတော့ နိုင်ငံခြားရောက်တဲ့ ကျနော်တို့ ချင်းတွေပေါ့နော် ဥပမာ ကျနော်တို့ US မှာရောက်နေတဲ့ ချင်းတွေကလည်း တတ်နိုင်တဲ့ဘက်ကနေပြီးတော့ Fundraising လုပ်ပြီး ကူညီနေပါတယ်။

မေး။။ အိန္ဒိယအစိုးရဘက်ကနယ်စပ်ဖြတ်ပြီးဝင်လာတဲ့ဒုက္ခသည်တွေကို တားဆီးဖို့ အမိန့်ထုတ်ပြန်ထားတဲ့အတွက်ရော ဒုက္ခသည်တွေကို တားဆီးတာ၊ ပြန်ပို့တာတွေရှိပါလား။

ဖြေ။။ပြန်ပို့တာတော့ မရှိသေးပါဘူး ၊ ဒါပေမယ့် အခက်အခဲတော့ ရှိပါတယ်။ သူတို့နယ်စပ်ကိုစောင့်တဲ့ နယ်ခြားစောင့် ပေါ့နော် သူတို့ တော်တော်လေး တားပါတယ်။ ဒါပေမယ့် ကျနော်တို့ မီဇိုတွေက အဲဒီကို ရောက်လာနိုင်ပါတယ်။ ပြည်နယ်အစိုးရ ကတော့ ရှင်းရှင်းလေးပါပဲ။ ပြည်နယ်ဝန်ကြီးကတော့ ရှင်းရှင်းလင်းလင်းသူပြောပါတယ်။ သူကတော့ ကျနော်တို့ကို ကိုယ်ချင်းစာပါတယ်၊ ပို့လည်းပြန်မပို့စေချင်ပါဘူး အတတ်နိုင်ဆုံး ကူညီပါတယ်။ ဒါပေမယ့် နယူးဒေလီဘက်က ပေါ်လစီကတော့ သူတို့အပြောင်းအလဲ မရှိသေးပါဘူး။

မေး။ ။ ချင်းပြည်နယ်မှာက အခုဆိုရင် မင်းတပ် မှာလည်း အတော်လေး အခြေအနေတွေဆိုးနေတယ်၊ စစ်ကောင်စီဘက်ကလည်း အင်အားအလွန်အကျွံသုံး ဖိနှိပ်နေတာတွေရှိနေတော့ ထွက်ပြေးလာတဲ့ ချင်းဒုက္ခသည်တွေအရေးက ဘယ်လောက်ထိ စိုးရိမ်စရာရှိနေလဲ။

ဖြေ။။တော်တော်လေး ကျနော်တို့ စိုးရိမ်တယ် ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲများရင် သူတို့က ထွက်ပြေးလာမှာပဲ။ ဘာဖြစ်လို့ စိုးရမ်သလဲဆိုရင် အိန္ဒိယအစိုးရ ပေါ်လစီ ၊ အိန္ဒိယအစိုးရ ကနေ သူတို့ကို protection အကာအကွယ်ပေးဖို့ လိုတယ်။ ပြီးရင် ကျနော်တို့ကလည်းအခု UNHCRနဲ့ စကားပြောနေတယ်။ ဒီမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရယ် ကျနော်တို့ refugee အဖွဲ့အစည်းတွေရယ် world relief တခြားအဖွဲ့အစည်းတွေရယ် ၊ ကက်သလစ်တွေကိုလည်း ကျနော်တို့ အခုစကားပြောနေပါတယ်။ အကူအညီတောင်းနေပါတယ် သူတို့ကို ပြန်မပို့ဖို့ မြန်မာပြည်ကိုပေါ့နော် ပြန်မပို့ဖို့ ။ ပြီးတော့ UNHCR ကနေ သွားပြီးတော့ မီဇိုရမ်မှာ UNHCR ကဒ်လေးတွေ ထုတ်ပေးဖို့ အဲဒါလည်း ကျနော်တို့ တောင်းဆိုနေပါတယ်။

လက်ရှိအိန္ဒိယတနိုင်ငံလုံး COVID-19 ကပ်ရောဂါအကြီးအကျယ်ရင်ဆိုင်နေတဲ့အတွက် အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ မီဇိုရမ်ပြည်နယ် ကိုသွားရောက်ရေးကိစ္စမှာ အခက်တွေ့နေသလို၊ ကပ်ရောဂါ ကူးစက်မှုခံနေရတဲ့ မီဇိုရမ်ပြည်နယ်မှာလည်း ချင်းဒုက္ခသည်တွေအတွက် ရောဂါကူးစက်မယ့် ဘေးအန္တရာယ်ရှိနေတယ်လို့ သူကပြောပါတယ်။

“ အခု မီဇိုရမ်မှာဆိုရင် Lock down ဖြစ်နေပြီအခု ။ ဒါကြောင့် ကျနော်တို့က ဖြစ်နိုင်ရင်တော့ US အစိုးရကို သံရုံးပဲဖြစ်ဖြစ် ၊ US consulate ကနေပြီးတော့ ကျနော်တို့မီဇိုရမ်ကို သွားစေချင်တယ်။ ပြီးတော့ UNHCR ကနေ မီဇိုရမ်ကို သွားပြီးတော့ အခြေအနေကို သွားလေ့လာစေချင်တယ်။ သူတို့ ကိုယ်တိုင်သွားမြင်စေချင်တယ်ပေါ့နော်။ မီဇိုရမ်အစိုးရရော မီဇိုရမ် NGO တွေ ကိုလည်း တွေ့စေချင်တယ်။ ပြီးတော့ refugee တွေကိုလည်း သွားတွေ့စေချင်တယ်။ ဒါပေမယ့် သူတို့အခု သွားလို့မရသေးဘူး ဘာဖြစ်လို့လဲဆိုတော့ COVID ကြောင့်။”

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မင်းတပ်မှာဖြစ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့အပြင် အိန္ဒိယနယ်စပ်ဘက်ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေအအေရးနဲ့ ပတ်သက်လို့လည်း သူတို့ ချင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း Zo Turn Hmung က ဗွီအိုအေကိုပြောပါတယ်။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/chin-mizoram-local-flee-/5897482.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ