ယုဇနပလာဇာပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု

 ယုဇနပလာဇာပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု

ရန်ကုန်၊ တာမွေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး ကင်းလှည့်နေတဲ့ကြားကပဲ တာမွေနဲ့တဆက်တည်းရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်အပိုင်ထဲက ယုဇနပလာဇာပေါ်မှာ နယ်ခံတွေက အခုလို ဆန္ဒပြတာကို မတ်လ ၁ ရက် ဒီနေ့မှာ ပြုလုပ်သွားတာဖြစ်ပါတယ်။

မတ်လ အစောပိုင်းတုန်းကတော့ ယုဇနပလာဇာရှိတဲ့ ဗညားဒလလမ်းမကြီးဟာ စစ်ကောင်စီတပ်တွေက ကျောင်းသားလူငယ်ထောင်ချီပါတဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ယူဇနပလာဇာနီးမှာရှိတဲ့ မအူကုန်း၊ သာယာကုန်းရပ်ကွက်ထဲတွေကို ညဘက်တွေအထိ ဝင်ရောက်ရှာဖွေတာတွေ ရှိခဲ့ပါတယ်။

ဒါ့ပြင် အဲဒီလမ်းမကြီးပေါ်မှာပဲ တာမွေနယ်မြေရဲစခန်းလည်းရှိလို့ စစ်ကောင်စီတပ်တွေက အဲဒီမှာ အခြေချပြီး တာမွေလူငယ်တွေရဲ့ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ယုဇနပလာဇာပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု  ယုဇနပလာဇာပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.