မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်


မန္တလေးတက္ကသိုလ်နဲ့မန္တလာတက္ကသိုလ်တို့က အရာထမ်း၊အမှုထမ်း ၆၀၀ ကျော်ကို CDM လုပ်ဆောင်တဲ့အတွက် မေလ ၂၀ ရက်နေ့က စတင်ကာ ရာထူးက ထုတ်ပယ်ကြောင်း စစ်ကောင်စီရဲ့သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များက မနေ့က ညနေပိုင်းက ထုတ်ပြန်ပါတယ်။

မန္တလေးတက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ အရာထမ်း ၂၄၅ ယောက်နဲ့ ၊ အမှုထမ်း ၁၄၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတက္ကသိုလ်အနေနဲ့ ယာယီရပ်ဆိုင်း ကြေညာခဲ့စဥ်က အရာထမ်း ၂၄၉ ယောက် ရှိကာ အလုပ်ပြန်ဝင်သူ(Non-CDM) ၄ ယောက် ရှိပြီး ယာယီရပ်ဆိုင်းခံရတဲ့ အမှုထမ်း ၁၅၃ ယောက်မှာ အလုပ်ပြန်ဝင် ၁၂ ယောက် ရှိခဲ့တယ်လို့သိရပါတယ်။

မန္တလာတက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ အရာထမ်း ၁၆၅ ယောက်၊အမှုထမ်း ၅၇ ယောက် ရာထူးမှ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

မန္တလာတက္ကသိုလ်အ​နေနဲ့ ယာယီရပ်နားစာရင်း ထုတ်ပြန်ချိန်က စာရင်းအတိုင်းဖြစ်ပြီး အတိုးအလျော့မရှိဘူးလို့ အဲဒီတက္ကသိုလ်က ပါမောက္ခတစ်ဦးက ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်  မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ် Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.