မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ်


မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ်

မိုးမောက်မြို့နယ် ကုန်းလောမြို့သစ်တွေဘက်မှာ ဒီကနေ့ စစ်အင်အားများနေပြီး ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ၁၄ရက်နေ့လက်နက်သံတွေကြောင့် ဗန်းမော်ကို တိမ်ရှောင်လာတဲ့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာဒေသခံက ရွာရဲ့အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။

ဗန်းမော်ကို ထွက်ခွာလာစဥ်လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်သံတွေ ကြားရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ မေ၁၄ရက် ညက လက်နက်သံတွေ ပိုဆူဆူညံညံ ကြားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ လေယဉ်သံကိုကြားတာနဲ့ ဗုံးခိုကျင်းထဲ ဆင်းပြေးနေရတယ်လို့ပြောပါတယ်။

မြို့သစ်နဲ့စီဟက်ကြားမှာ ရဟတ်ယာဉ်တစ်စင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက ပစ်ချခံရပြီးနောက်ပိုင်း အိမ်နားတွေကို ကပ်ပြီး မပျံသန်းတော့ဘဲ အဝေးကနေပျံတာကိုတွေ့ရတယ်လို့ လည်းပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ် မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ် Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.