ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ


မေ ၄ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ ( မေ ၄)ရက် ညနေ ၃နာရီမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

အဆိုပါ တိုက်ပွဲသည် အကြမ်းဖက် စစ်ကောင်စီ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင် ) TNLA၊ ကချင် တပ် (KIA)ပူးပေါင်းတို့ ဖြစ်ပွားကြောင်း၊ လက်ရှိ အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသဖြင့် မန်ဘန်ကျေးရွာပြည်သူများ ဗုံးခိုကျင်းတွင် သွားရောက်နေရကြောင်း မန်ဘန်ကျေးရွာ ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲက ညနေ (၃)နာရီက အခုထိ (ည ၇နာရီခွဲ)ထိ ဖြစ်နေပါတယ်။ လက်နက်ကြီးသံ ၂၅ကြိမ်မက ပစ်နေတယ်။ ကျနော်တို့အခု ဗုံးခိုကျင်းမှာ နေနေရတယ်။ အခု လက်နက်ကြီးသံကြားနေရတုန်းပဲ” ဟု မန်ဘန်းကျေးရွာဒေသခံ အမျိုးသားက ဆိုသည်။

ထို့အပြင် ကွတ်ခိုင်မြို့ အနီး မန်ဘန်ကျေးရွာနှင့် နောင်ဆွေကျေးရွာ အကြား ( ကွတ်ခိုင်-မူဆယ်)သွား ပြည်ထောင်စုလမ်း တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေသေးကြောင်း သိရသည်။

“ အခုချိန်ထိ တိုက်ပွဲက ဖြစ်နေတော့ ဘယ်နေရာထိခိုက်တယ်ဆိုတာ မသိရသေးဘူး။ အိမ်ကို လက်နက်ကြီး ၂လုံးကျတယ်။ ကျွဲ၊နွားတွေ သေတယ်လို့ ကြားရတယ်။ မနက်မှ သိရမယ်” ဟု ၎င်း အမျိုးသားက ပြောသည်။

ထို့ပစ်ခတ်မှုကြောင့်ကွတ်ခိုင်မှ မူဆယ်မြို့ သို့သွားသည့် အိမ်စီးကား တစီး ကျည်ထိမှန်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း  လည်း ကွတ်ခိုင်ဒေသခံများ ပြောပြချက် အရသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.