သျှမ်းတပ် (၂)တပ် လှုပ်ရှားသည့် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ် ဒေသခံ (၃၀၀)ကျော်တိမ်းရှောင်နေရ


မေ ၇ ရက် ၂၀၂၁

သျှမ်းတပ် ၂ဖွဲ့ လှုပ်ရှားရာ နယ်မြေဖြစ်သည့် သျှမ်းမြောက် နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားကာ ဒေသခံ(၃၀၀) ကျော်  ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နောင်ချိုမြိုနယ် နားမွန်ကျေးရွာ နှင့် နားယုတ်ကျေးရွာ တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး တပ်မတော်(RCSS) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ လှုပ်ရှားကြသည့်နေရာဖြစ်ပြီး၊ မေ (၄)ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ (၃၀၀)ကျော် သည် ထွက်ပြေး တိမ်းရှောင်နေရသည်။

“ ထွက်ပြေးလာတဲ့ ရွာသား (၃၀၀)ကျော်က အခု ကုလားကွဲကျေးရွာ ဘုန်းကြီးကျောင်းမှာ ရှိတယ်။ ဒီနေ့ထိ ရှိနေသေးတယ်။ မပြန်ရဲကြသေးဘူး။ အခက်အခဲတော့ လောဆယ် မရှိသေးဘူး” ဟု  နောင်ချို ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် RCSS/SSAနှင့် SSPP/SSA တို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

သျှမ်းမြောက် ကျောက်မဲ၊ သီပေါ နှင့် နမ္မတူမြို့နယ် တွင်  RCSS/SSA နှင့် SSPP /SSA ၊ TNLA ပူးပေါင်းတို့တိုက်ပွဲဖြစ်ပွားကာ စစ်ရှောင် ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

သျှမ်းတပ် (၂)တပ် အချင်းချင်း တိုက်ပွဲမဖြစ်ရေး နှင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ကြားတိုက်ပွဲမဖြစ်ပွားရေး အတွက် လူမှုအဖွဲ့အစည်းများ၊ သံဃာတော်များ၊ ဒေသခံပြည်သူများက မကြာခဏ စာထုတ် အကြောင်းကြားခဲ့ကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သျှမ်းတပ် (၂)တပ် လှုပ်ရှားသည့် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ် ဒေသခံ (၃၀၀)ကျော်တိမ်းရှောင်နေရ သျှမ်းတပ် (၂)တပ် လှုပ်ရှားသည့် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ် ဒေသခံ (၃၀၀)ကျော်တိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 07:53 Rating: 5

No comments:

Powered by Blogger.