မိုး​​​မောက်မြို့နယ်ကျေးရွာများသို့ စစ်​ကောင်စီ လက်နက်ကိုင်​တွေ လက်နက်ကြီး​များဖြင့် ပစ်နေ


ပုံ​ဟောင်း အသုံးပြုထားပါတယ်

May 5 - Kachinwaves 

မိုး​​မောက်မြို့နယ် နွမ်လန့်ကျေးရွာရှိ စစ်​ကောင်စီ လက်နက်ကိုင်တပ် ခမရ ၄၃၈မှ ​​ကျေးရွာဘက်သို့ လက်နက်ကြီး​များဖြင့် ပစ်နေသည့်အတွက် ​ကျေးရွာပြည်သူများ စိုးရိမ်​ထိပ်လန့်နေ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ 

"အခု​လေးတင်ပစ်တာ ၄ခေါက်ရှိပြီ။​ ​နေ့တိုင်းလိုလိုပစ်​နေတာ။ရွာကလူ​တွေ အများပိုင်းက ထွက်​ပြေးသွားပြီ။ အခုအိမ်​စောင့်တဲ့သူ တစ်​ယောက်နှစ်​ယောက်ပဲရှိ​တော့တာ။"ဟု​ ဒေသခံတစ်ဦးကဆိုသည်။

အိမ်မ​စောင့်လျှင်လည်း မရ​ကြောင်း လက်ရှိအိမ်​စောင့်ရှိ​နေချိန်​တောင် အချို့အိမ်​များ ဖောက်ပြီး ပစ္စည်း​အခိုးခံ​နေရ​ကြောင်းလည်း ဆိုသည်။ 

​ကျေးရွာများသို့ ​စစ်​ကောင်စီတပ်များ လက်နက်ကြီး​​ပစ်​နေသည့်အတွက် မြို့သစ်၊ ကုန်း​​လော၊ စီဟတ်၊ နွမ်လန် စသည့် ​ကျေးရွာများမှ ပြည်သူများ ၈ဦး​သေဆုံးကာ ဒဏ်ရာရသူများလည်းရှိသည်။

ယ​နေ့ လက်ရှိချိန်ထိလည်း မြို့သစ်​ကျေးရွာဘက်တွင် သေနတ်သံ​များ ဆက်တိုက်ကြား​နေရဆဲဖြစ်​ကြောင်းလည်းဆိုသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

မိုး​​​မောက်မြို့နယ်ကျေးရွာများသို့ စစ်​ကောင်စီ လက်နက်ကိုင်​တွေ လက်နက်ကြီး​များဖြင့် ပစ်နေ မိုး​​​မောက်မြို့နယ်ကျေးရွာများသို့ စစ်​ကောင်စီ လက်နက်ကိုင်​တွေ လက်နက်ကြီး​များဖြင့် ပစ်နေ Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.