တောင်ကိုရီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦး ၂၁ ဇာတ်လမ်းတို ပြသ

Jeonju International Film Festival - JIFF Logo (Credit: jeonjufest.kr)

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် Jeonju နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Jeonju International Film Festival - JIFF) ကို သောကြာနေ့က ကျင်းပခဲ့တာမှာ ဒီ ရုပ်ရှင်ပွဲတော်မှာ ပါဝင်တဲ့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံတဲ့အနေနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကွန်ရက်က ကိုယ်စားလှယ် ၂ ဦးပါ တက်ရောက်ခွင့် ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြကြတာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ “Burma Spring 21” - မြန်မာ့နွေဦး ၂၁ လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကို JIFF ရုပ်ရှင်ပွဲတော် ဖွင့်ပွဲနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။

မြန်မာ့နွေဦး ၂၁ ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ကြေညာချက်တွေကို တလှည့်စီ ဖတ်ကြားပြခဲ့ကြပါတယ်။

“မြန်မာပြည်သူတွေ မုချ အောင်ပွဲခံကြရမှာပါ။ ကျနော်တို့ရဲ့ ပံ့ပိုးမှု အသေးလေးနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသမှုတွေဟာ သူတို့အောင်ပွဲအတွက် အထောက်အကူ ပြုပါလိမ့်မယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေဟာ သူတို့တိုက်ပွဲအတွက် ခွန်အားတခု ဖြစ်စေမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အဆုံးသတ်အောင်ပွဲအထိ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်သွားပါမယ်။ သူတို့အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေ ကျနော်တို့ ပို့သွားပါမယ်။ ကျနော်တို့တွေ သူတို့ကို ရန်ပုံငွေ ထောက်ပံ့ပေးပါမယ်။ ကျနော်တို့ရဲ့ အတိတ်က အတွေ့အကြုံတွေကို သူတို့ကို မျှဝေပေးသွားပါမယ်။ အောင်ပွဲအတူခံကြတဲ့ သမိုင်းကို ကျနော်တို့ တည်ဆောက်သွားပါမယ်။” လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ကြေညာချက်ကို ဒါရိုက်တာတွေက အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။

မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ရန်ပုံငွေတွေလည်း ကောက်ခံထားကြောင်း ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်သူ Lee Joon-dong က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/korea-film-festival-myanmar-spring-21/5875085.html

တောင်ကိုရီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦး ၂၁ ဇာတ်လမ်းတို ပြသ တောင်ကိုရီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦး ၂၁ ဇာတ်လမ်းတို ပြသ Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.